တရုတ်နိုင်ငံ ဟူပေပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်များရှိ မြန်မာ ပညာတော်သင်များ ခွင့်ပြန်လိုပါက မြန်မာသံရုံးထံ ဆက်သွယ်နိုင်

တရုတ်နိုင်ငံ ဟူပေပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်များရှိ မြန်မာ ပညာတော်သင်များ ခွင့်ပြန်လိုပါက မြန်မာသံရုံးထံ ဆက်သွယ်နိုင်
ဇန်နဝါရီ 31, 2020
By Tachileik News Agency
တရုတ်နိုင်ငံ ဟူပေပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်များရှိ မြန်မာ ပညာတော်သင်များ ခွင့်ပြန်လိုပါက မြန်မာသံရုံးထံ ဆက်သွယ်နိုင်

တရုတ်နိုင်ငံတွင်း ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) မထိန်းချုပ်နိုင်သေး၍ ပြည်နယ်အသီးသီးရှိ အချို့တက္ကသိုလ်များ၏ ကျောင်းပိတ်ရက် အကန့်အသတ်မရှိ တိုးမြှင့်ထားရာ နေရပ်ပြန်လိုသည့် အစိုးရ ပညာတော်သင် မြန်မာကျောင်းသူ ကျောင်းသားများ ခွင့်ပြန်လိုပါက မြန်မာသံရုံးသို့ ဆက်သွယ်ကြရန် အသိပေးထားသည်။

ဟူပေပြည်နယ်မှ မြန်မာကျောင်းသူ ကျောင်းသားများကို အစိုးရအစီအစဉ်ဖြင့် ပြန်ခေါ်မည်ဖြစ်သော်လည်း တရုတ်နိုင်ငံအတွင်းရှိ ကျန်ပြည်နယ်များမှ ကျောင်းသူကျောင်းသားများ မိမိအစီအစဉ်ဖြင့် ခွင့်ပြန်လိုပါက မြန်မာသံရုံး၏ ပညာရေးအီးမေးလ်ဖြစ်သည့် [email protected] သို့ ဆက်သွယ်ကြရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ခွင့်ပြန်လိုသည့် မြန်မာကျောင်းသူကျောင်းသားများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် တရုတ်နိုင်ငံတွင်း နေထိုင်ချိန်၊ ပြန်ထွက်ချိန်တို့တွင် ရောဂါမကူးစက်စေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်ကိုလည်း အကြံပြုထားသည်။

 တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီလိုအပ်ပါက
 ပေကျင်းမြို့ မြန်မာသံရုံး ဖုန်း +86 010 65320360 ၊ +86 18301614095 အီးမေးလ် - [email protected]
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +86 87168162814၊ +86 17687001874
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +86 7715672845 ၊ +86 18577145939
ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +852 28450810၊ +852 5499825

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~