အစာအဆိပ်သင့်မှု မဖြစ်ပွားစေရေး နှိုးဆော်ချက်
ပွင့်လင်းရာသီတွင် နိုင်ငံအတွင်း အလှုပွဲတော်များ စည်ကားစွာ ကျင်းပလေ့ရှိပါသည်။ ဤကာလအတွင်း အစာအဆိပ်သင့်မှုများ နှစ်စဉ် နှစ်တိုင်း ဖြစ်ပွားတတ်ပါသည်။ အစာအဆိပ်သင့်မှုသည် ရောဂါပိုးများပါဝင်သော မသန့်ရှင်းသည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် အများဆုံးဖြစ်ပွားတတ်ပါသည်။
အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် အတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများ လိုက်နာရန်
- ၁။ အစာ မစားမီ၊ အစားအစာများကို ကိုင်တွယ်ချက် ပြုတ်ခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးချိန်များတွင် လက်များကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
- ၂။ အိုးခွက်၊ပန်းကန်များ၊ စဉ်းတီတုံးမျာ းအပါအဝင် မီးဖိုချောင်ပစ္စည်းများ၏ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
- ၃။ ချက်ပြုတ်ပြီး အစားအစာနှင့် မချက်ပြုတ်ရသေးသော အစားအစာများအား သီးခြားစီထားရှိပါ။
- ၄။ အစားအစာများ ချက်ပြုတ်ရာနှင့် ပန်းကန်များ ဆေးကြောရာတွင် သန့်ရှင်းသောရေကိုသာ သုံးစွဲပါ။
- ၅။ အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ လတ်လတ်ဆတ်ဆတ်နှင့် ပူပူနွေးနွေးစားသုံးပါ။ ချက်ချင်းမစားသုံးဖြစ်ပါက ပွက်ပွက်ဆူအောင်နေးပြီးမှ စားသုံးပါ။
အစားအသောက်ရောင်းချသူများအနေဖြင့် အထူးလိုက်နာရန်
ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါဖြစ်ပွားနေသူများ၊ အရေပြားတွင် အနာရှိသူများနှင့် ဖျားနာနေသူများ အနေဖြင့် အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်းနှင့် ကိုင်တွယ်ရောင်းချခြင်းတိုကို လုံးဝရှောင်ကြဉ်ပါ။
အစာအဆိပ်သင့်မှု ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ပြီး ထိရောက်စွာ ကုသမှု ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။