(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက နယ်ပယ် အသီးသီးမှ (၅၄)ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်
၂၀၂၀ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံသမ္မတက စစ်အမှုထမ်းများနှင့် ရဲအမှုထမ်းများ အပါအဝင် ပြည့်ဝန်ထမ်း နှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် စုစုပေါင်း (၅၄)ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းကြောင်း ထုတ်ပြန်လိုက်သည်။
ဂုဏ်ထူးဆောင်ဘွဲ့များ နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများတွင် စစ်ဖက်ဆိုင်ရာမှ (၂၄)ဦး၊ ရဲတပ်ဖွဲ့ဝင် (၉)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး နှင့် ဆိုင်းပညာရှင် (၁)ဦး၊ ဘာသာရပ်ပညာရှင်(၃)ဦး၊ မြို့အုပ်ချုပ်ရေးမှူး (၁)ဦး၊ ပညာရေးမှ ပါမောက္ခ(၄)ဦး နှင့် လုပ်ငန်းရှင် (၂)ဦး တို့ ပါဝင်သည်။
အဆိုပါ (၅၄)ဦးတွင် ကမ္ဘောဇဘဏ်လီမိတက်၏ နာယကဖြစ်သူ ဦးအောင်ကိုဝင်းက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ သရေစည်သူဘွဲ့ ချီးမြှင့်ခံရသည်။