တာချီလိတ်မြို့မသုဿာန်သစ်ကို မေလအတွင်း အပြီး တည်ဆောက်မည်
တာချီလိတ်မြို့မသုဿာန်သစ်ကို မေလအတွင်း အပြီး တည်ဆောက်မည်
မတျ 23, 2019
By Tachileik News Agency
ပုံလို့သုဿာန်တည်ဆောက်ရေးနှင့် မီးသွယ်တန်းမှုအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဘတ်ငွေ (၁၇) သိန်း ထည့်ဝင်လှူဒါန်းထားပြီး မတ်လ (၁၅) ရက်နေ့မှစ၍ လျှပ်စစ်မီးစတင်ပို့လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသုဿာန်သစ်တွင် မီးသဂြိုလ်စက် (၂) လုံး၊ လူ (၃၀၀) ဆန့် တရားနာဓမ္မာရုံဇရပ်၊ သန့်စင်ခန်း အလုံး (၂၀)၊ အရိုးအိုးများထားရှိမည့် အဆောက်အဦများ၊ သုဿာန်ဧရိယာအတွင်း ပန်းခြံများ တည်ဆောက်နေပြီး (၂၄) ပေအကျယ် တောင်တက်လမ်းသစ်(၂) မိုင်ကျော်ကိုလည်း ဖေါက်လုပ်နေခြင်းဖြစ်သည်။
လက်ရှိ တာချီလိတ်မြို့မသုဿာန်သည် လူနေရပ်ကွက်များနှင့် နီးကပ်စွာတည်ရှိနေပြီး မီးသင်္ဂြိုလ်စက်မရှိသဖြင့် မီးသဂြုင်္ိလ်သည့် ညှော်နံ့များကို လူနေရပ်ကွက်များ၌ ခံစားနေကြရခြင်းဖြစ်သဖြင့် သုဿာန်သစ်ကို တည်ဆောက်နေခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - San Thein
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပုံလို့ဆရာတော်ဘုရား လှူဒါန်းထားသည့် မြေ (၁၆) ဧကပေါ်တွင် ဆောက်လုပ်နေသည့် တာချီလိတ်မြို့သုဿာန်သစ်ကို ၂၀၁၉ ခုနှစ်၊ မေလအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
"မီးသဂြိုလ်စက်ရယ်၊ ဇရပ်ရယ်၊ အိမ်သာရယ်၊ လူနေအိမ်ခန်းရယ် အကုန်လုံး မေလအပြီးပေါ့။ (၂၄) ရက်နေ့က ထိုင်းရွေးကောက်ပွဲရှိတော့ (၂၆) ရက်နေ့ကို စက်တွေဒီဘက်ပို့ပေးမှာပေါ့။ (၁၅) ရက်ထိုင်ရမယ်ဆိုတော့ သင်္ကြန်မတိုင်ခင်အပြီးပေါ့။ နှစ်လုံးစလုံးထိုင်မယ်"ဟု တာချီလိတ်မြို့သုဿာန်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ(၂) ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ပုံလို့သုဿာန်တည်ဆောက်ရေးနှင့် မီးသွယ်တန်းမှုအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဘတ်ငွေ (၁၇) သိန်း ထည့်ဝင်လှူဒါန်းထားပြီး မတ်လ (၁၅) ရက်နေ့မှစ၍ လျှပ်စစ်မီးစတင်ပို့လွှတ်နခြေင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသုဿာန်သစ်တွင် မီးသဂြိုလ်စက် (၂) လုံး၊ လူ (၃၀၀) ဆန့် တရားနာဓမ္မာရုံဇရပ်၊ သန့်စင်ခန်း အလုံး (၂၀)၊ အရိုးအိုးများထားရှိမည့် အဆောက်အဦများ၊ သုဿာန်ဧရိယာအတွင်း ပန်းခြံများ တည်ဆောက်နပြေီး (၂၄) ပေအကျယ် တောင်တက်လမ်းသစ်(၂) မိုင်ကျော်ကိုလည်း ဖောက်လုပ်နခြေင်းဖြစ်သည်။
လက်ရှိ တာချီလိတ်မြို့မသုဿာန်သည် လူနေရပ်ကွက်များနှင့် နီးကပ်စွာတည်ရှိနပြေီး မီးသင်္ဂြိုလ်စက်မရှိသဖြင့် မီးသင်္ဂြိုလ်သည့် ညှော်နံ့များကို လူနေရပ်ကွက်များ၌ ခံစားနကြေရခြင်းဖြစ်သဖြင့် သုဿာန်သစ်ကို တည်ဆောက်နခြေင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - San Thein
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net