ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Miss Runway Model Universe Tachileik 2019 ကို မေဖလားကွင်းရှိ ဟုတ်တက်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ ညနေ (၆) နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
အဆိုပါ ပြိုင်ပွဲကို MMPA မှ တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး ရွေးချယ်ခံရပါက ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဆက်လက် ရွေးချယ်ခံရပါက ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
" ဒီပြိုင်ပွဲပြီးသွားရင် ရန်ကုန်မှာ သွားပြိုင်ရမှာပေါ့။ ပြီးရင် ဖိလစ်ပိုင်ကို (၁) ယောက်ပြိုင်ဖို့ လွှတ်မှာပေါ့"ဟု MMPA မှ Regional Director ဦးလင်းထက်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြိုင်ပွဲတွင် သီဆိုဖျော်ဖြေမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ရာ အဆိုတော် ဟိန်းရှိုင်း၊ မင်းရတုပိုင် နှင့် နီကောလှ တို့မှ သီဆိုဖြေဖျော်သွားမည်ဖြစ်ကြောင်း သိရသည်။
Miss Runway Model Universe Tachileik 2019 တွင် ပြိုင်ပွဲဝင် (၁၅) ယောက်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မိုင်းဖြတ်၊ မိုင်းဆက်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ Golden Triangle ဆုများအတွက် အလှမယ် (၆) ဦးကို အကဲဖြတ်ဒိုင် (၈) ဦးမှ အမှတ်ပေးရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း