ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိ မယ္ဟုတ္ေခ်ာင္းေပၚတြင္ ေႏြရာသီ သႀကၤန္ကာလ အပန္းေျဖအနားယူႏိုင္ရန္အတြက္ ႏွစ္စဥ္ဖြင့္လွစ္ေလ့ရိွၿပီး ယခုႏွစ္တြင္လည္း မတ္လ (၁၇) ရက္ေန႔မွ ဧၿပီလ (၁၇) ရက္ေန႔အထိ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
" ပြဲစဖို႔ကေတာ့ (၃) လပိုင္း (၁၇) ရက္ေန႔ကေန (၄) လပိုင္း (၁၇) ရက္ေန႔ထိေပါ့။ လက္ရိွမွာေတာ့ ဒီေအာက္ပိုင္းမွာ ဆိုင္ခန္း (၁၇) ခန္းရိွတယ္။ အေပၚမွာဆိုင္ခန္းအေသးေလးေတြေတာ့ ပါမယ္ေပါ့။ လံုၿခံဳေရးပိုင္းကေတာ့ ျပည္သူ႔စစ္ပါမယ္။ အရန္မီးသတ္ေတြပါမယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေတြပါမယ္။ ရဲတပ္ဖြဲ႕ကို လံုၿခံဳေရးအစီအမံေတြေတာ့ တင္ျပထားပါတယ္။ ျပည္သူ႔စစ္က အေယာက္ (၃၀) ေလာက္ရိွပါတယ္။ ေရနစ္တဲ့ေနရာက အေပၚပိုင္းေပါ့။ အေပၚပိုင္းမွာျပည္သူ႔စစ္ (၆) ေယာက္ေလာက္ ေစာင့္ၾကည့္တဲ့ အပိုင္းေတြရိွပါတယ္။ အေပၚမွာ ေရတားေတြဘာေတြလည္း လုပ္ဖို႔ရိွပါတယ္။ ခိုက္ရန္မျဖစ္ပြားဖို႔အတြက္လည္း ျပည္သူ႔စစ္ေတြက အနီးကပ္ႀကီးၾကပ္ ေဆာင္ရြက္မွာျဖစ္ပါတယ္။ အဲ့ဒီ ဆိုင္ခန္း (၁၃) ခန္းရိွတာကို ျပည္သူ႔စစ္ အေယာက္ (၃၀) က အလွည့္က်သြားေနမွာေပါ့။ အရန္မီးသတ္တပ္ဖြဲ႕ အေယာက္ (၂၀) ေလာက္သံုးဖို႔ရိွပါတယ္"ဟု ဖန္မင္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႕မွ ဦးေဇာ္ဇင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။
တာခ်ီလိတ္တြင္ ေႏြရာသီသႀကၤန္ကာလ အပန္းေျဖ ေရကစားရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ ပုန္းထြန္ေခ်ာင္းတြင္လည္းေကာင္း၊ ယခု ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိ မယ္ဟုတ္ေခ်ာင္းေပၚတြင္ လည္းေကာင္း ႏွစ္စဥ္ဖြင့္လွစ္ တရား၀င္ဖြင့္လွစ္ေလ့ရွိရာ သႀကၤန္ကာလအတြင္း၌ သြားေရာက္လည္ပတ္သူ မ်ားျပားေလ့ရွိၿပီး ေရကစားရင္းျဖင့္ အစားအေသာက္မ်ားလည္း ၀ယ္ယူစားေသာက္ႏိုင္ေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
" ပွဲစဖို့ကတော့ (၃) လပိုင်း (၁၇) ရက်နေ့ကနေ (၄) လပိုင်း (၁၇) ရက်နေ့ထိပေါ့။ လက်ရှိမှာတော့ ဒီအောက်ပိုင်းမှာ ဆိုင်ခန်း (၁၇) ခန်းရှိတယ်။ အပေါ်မှာဆိုင်ခန်းအသေးလေးတွေတော့ ပါမယ်ပေါ့။ လုံခြုံရေးပိုင်းကတော့ ပြည်သူ့စစ်ပါမယ်။ အရန်မီးသတ်တွေပါမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေပါမယ်။ ရဲတပ်ဖွဲ့ကို လုံခြုံရေးအစီအမံတွေတော့ တင်ပြထားပါတယ်။ ပြည်သူ့စစ်က အယောက် (၃၀) လောက်ရှိပါတယ်။ ရေနစ်တဲ့နေရာက အပေါ်ပိုင်းပေါ့။ အပေါ်ပိုင်းမှာပြည်သူ့စစ် (၆) ယောက်လောက် စောင့်ကြည့်တဲ့ အပိုင်းတွေရှိပါတယ်။ အပေါ်မှာ ရေတားတွေဘာတွေလည်း လုပ်ဖို့ရှိပါတယ်။ ခိုက်ရန်မဖြစ်ပွားဖို့အတွက်လည်း ပြည်သူ့စစ်တွေက အနီးကပ်ကြီးကြပ် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲ့ဒီ ဆိုင်ခန်း (၁၃) ခန်းရှိတာကို ပြည်သူ့စစ် အယောက် (၃၀) က အလှည့်ကျသွားနေမှာပေါ့။ အရန်မီးသတ်တပ်ဖွဲ့ အယောက် (၂၀) လောက်သုံးဖို့ရှိပါတယ်"ဟု ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ ဦးဇော်ဇင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်တွင် နွေရာသီသင်္ကြန်ကာလ အပန်းဖြေ ရေကစားရန်အတွက် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ပုန်းထွန်ချောင်းတွင်လည်းကောင်း၊ ယခု ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်းပေါ်တွင် လည်းကောင်း နှစ်စဉ်ဖွင့်လှစ် တရားဝင်ဖွင့်လှစ်လေ့ရှိရာ သင်္ကြန်ကာလအတွင်း၌ သွားရောက်လည်ပတ်သူ များပြားလေ့ရှိပြီး ရေကစားရင်းဖြင့် အစားအသောက်များလည်း ဝယ်ယူစားသောက်နိုင်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း