တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲကာ ယာဉ်မတော်တဆတိုက်မှုများ မဖြစ်စေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲကာ ယာဉ်မတော်တဆတိုက်မှုများ မဖြစ်စေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
မတျ 27, 2019
By Tachileik News Agency

သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ မဆင်မခြင် ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကို  လုပ်ဆောင်နေကြသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့တို့က ၂၀၁၉ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်က သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ မဆင်မခြင် ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရေး နှင့် လိင်/ကာမစိတ်ကြွဆေးများ အပါအ၀င် တားမြစ်ဆေးဝါးများ ရောင်းချ သုံစွဲခြင်း မရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို အဆိုပါ ဂိတ်မှတဆင့် ဖြတ်သန်းသွားလာသူများကို ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။


Tachileik News Agency
ဓါတ်ပုံ - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ မဆင်မခြင် ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ပါခုတ်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝမှုကို လုပ်ဆောင်နကြေသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့တို့က ၂၀၁၉ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်က သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ မဆင်မခြင် ယာဉ်မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရေး နှင့် လိင်/ကာမစိတ်ကြွဆေးများ အပါအဝင် တားမြစ်ဆေးဝါးများ ရောင်းချ သုံစွဲခြင်း မရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို အဆိုပါ ဂိတ်မှတဆင့် ဖြတ်သန်းသွားလာသူများကို ဖြနေ့်ဝခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က သင်္ကြန်ကာလအတွင်း ရေပက်ခံကား ယာဉ်မောင်းသူများ အရက်သေစာ သောက်စားထားမှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် သတိပေးထားရှိသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net