တာခ်ီလိတ္တြင္ လက္ထပ္ရန္ အမ်ိဳးသမီးလာရွာသည့္ တရုတ္ႏုိင္ငံသား (၂)ဦးႏွင့္ ျမန္မာအမ်ိဳးသမီးတို႔ကို ဗီဇာစည္းကမ္းခ်ဳိးေဖါက္မႈျဖင့္ ထပ္မံအေရးယူ

တာခ်ီလိတ္တြင္ လက္ထပ္ရန္ အမ်ိဳးသမီးလာရွာသည့္ တရုတ္ႏုိင္ငံသား (၂)ဦးႏွင့္ ျမန္မာအမ်ိဳးသမီးတို႔ကို ဗီဇာစည္းကမ္းခ်ဳိးေဖါက္မႈျဖင့္ ထပ္မံအေရးယူ
မတ် 26, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ ေအာက္မုိင္းဟဲေက်းရြာအုပ္စု၊ ေဟြအယ္(၂)ေက်းရြာမွ မိန္းကေလးတစ္ဦးအား လက္ထပ္ၿပီး တရုတ္ႏိုင္ငံသို႔ ေခၚေဆာင္သြားရန္ စီစဥ္ေနသည္ကို သတင္းရရွိ၍ ဖမ္းဆီးရမိၿပီးေနာက္   ဗီဇာစည္းကမ္း ေဖါက္ဖ်က္မႈျဖင့္ပါ ထပ္မံ၍ မတ္လ(၂၅)ရက္ေန႔တြင္ အေရးယူလုိက္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသား(၂)ဦးမွာ ေဟြအယ္(၂)ေက်းရြာရိွ မခင္လွ၏ေနအိမ္တြင္ ေနထုိင္ခဲ့ၾကျခင္းျဖစ္သျဖင့္ ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈျဖင့္ တရုတ္ႏုိင္ငံသား (၂)ဦးႏွင့္ အိမ္ရွင္မခင္လွတို႔ကို အေရးယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မခင္လွႏွင့္ ၎၏ ခင္ပြန္းတရုတ္ႏုိင္ငံသားတို႔က ေဟြအယ္(၂)ေက်းရြာတြင္ တရုတ္အမ်ိဳးသားတစ္ဦးႏွင့္ လက္ထပ္ရန္ အမ်ိဳးသမီးတစ္ဦးအား ဘတ္ေငြ(၅၀၀၀)ေပးၿပီး တရုတ္ႏုိင္ငံသို႔ လက္ထပ္ေခၚေဆာင္ရန္ စီစဥ္ေနခ်ိန္တြင္ လူကုန္တားရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလုိက္ျခင္းျဖစ္သည္။

တရုတ္ႏုိင္ငံသား (၂)ဦးျဖစ္သူ Li Jinke ႏွင့္ Luo Laosan တို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၆၁/၂၀၁၉၊ လဝက ၂၄ ျဖင့္ အမႈဖြင့္ထားရာမွ  (ပ)၁၆၄/၂၀၁၉၊ လဝကအက္ဥပေဒ ၁၃(၁)ျဖင့္ လည္းေကာင္း မခင္လွအား လဝကအက္ဥပေဒ ၁၃(၅)အရ လည္းေကာင္း အသီးသီးထပ္မံအမႈဖြင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မိသားစုတစ္စု ကေလးတစ္ဦးစီမံခ်က္အေကာင္အထည္ေဖၚခဲ့သည့္ တရုတ္ႏုိင္ငံတြင္ သတို႔သမီးလိုအပ္ခ်က္ျမင့္ေနသည့္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ အမ်ိဳးသမီးမ်ားကို တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ရန္ လူကုန္ကူးမႈမ်ား၊ တရုတ္အမ်ိဳးသားမ်ားက အိမ္နီးခ်င္းႏုိင္ငံမ်ားသို႔ သြားေရာက္၍ သတို႔သမီးရွာေဖြလက္ထပ္ ေခၚေဆာင္သြားကာ ျပန္လည္ေရာင္းခ်မႈမ်ား ျဖစ္ပြားေနၿပီး ျမန္မာအမ်ိဳးသမီးမ်ား တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရမႈမွာလည္း ျမင့္မားေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ အောက်မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂)ကျေးရွာမှ မိန်းကလေးတစ်ဦးအား လက်ထပ်ပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် စီစဉ်နေသည်ကို သတင်းရရှိ၍ ဖမ်းဆီးရမိပြီးနောက် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့်ပါ ထပ်မံ၍ မတ်လ(၂၅)ရက်နေ့တွင် အရေးယူလိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား(၂)ဦးမှာ ဟွေအယ်(၂)ကျေးရွာရှိ မခင်လှ၏နေအိမ်တွင် နေထိုင်ခဲ့ကြခြင်းဖြစ်သဖြင့် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် တရုတ်နိုင်ငံသား (၂)ဦးနှင့် အိမ်ရှင်မခင်လှတို့ကို အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မခင်လှနှင့်၎င်း၏ ခင်ပွန်းတရုတ်နိုင်ငံသားတို့က ဟွေအယ်(၂)ကျေးရွာတွင် တရုတ်အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် အမျိုးသမီးတစ်ဦးအား ဘတ်ငွေ(၅၀၀၀)ပေးပြီး တရုတ်နိုင်ငံသို့ လက်ထပ်ခေါ်ဆောင်ရန် စီစဉ်နေချိန်တွင် လူကုန်တားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသား (၂)ဦးဖြစ်သူ Li Jinke နှင့် Luo Laosan တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၁၆၁/၂၀၁၉၊ လဝက ၂၄ ဖြင့် အမှုဖွင့်ထားရာမှ (ပ)၁၆၄/၂၀၁၉၊ လဝကအက်ဥပဒေ ၁၃(၁)ဖြင့် လည်းကောင်း မခင်လှအား လဝကအက်ဥပဒေ ၁၃(၅)အရ လည်းကောင်း အသီးသီးထပ်မံအမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မိသားစုတစ်စု ကလေးတစ်ဦးစီမံချက်အကောင်အထည်ဖော်ခဲ့သည့် တရုတ်နိုင်ငံတွင် သတို့သမီးလိုအပ်ချက်မြင့်နေသည့် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် လူကုန်ကူးမှုများ၊ တရုတ်အမျိုးသားများက အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ သတို့သမီးရှာဖွေလက်ထပ် ခေါ်ဆောင်သွားကာ ပြန်လည်ရောင်းချမှုများ ဖြစ်ပွားနပြေီး မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agencyv

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net