တာခ်ီလိတ္ၿမိဳ႕တြင္း အဓိကေနရာမ်ားတြင္ CCTV တပ္ဆင္ရန္ ေဒသခံကုမၸဏီ (၂) ခုအနက္မွ ေရြးခ်ယ္မည္

တာခ်ီလိတ္ၿမိဳ႕တြင္း အဓိကေနရာမ်ားတြင္ CCTV တပ္ဆင္ရန္ ေဒသခံကုမၸဏီ (၂) ခုအနက္မွ ေရြးခ်ယ္မည္
မတ် 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း မီးပိြဳင့္ (၂၄)ခုတြင္ စုေပါင္းလွဴဒါန္းေငြျဖင့္ CCTV တပ္ဆင္ေရးအတြက္ ေဒသခံကုမၸဏီ (၂)ခုက တြက္ခ်က္တင္ျပၾကမည့္ ကုန္က်စရိတ္အေပၚမူတည္ၿပီး ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ၿမိဳ႕တြင္း CCTV တပ္ဖို႔ ေဒသခံကုမၸဏီေတြနဲ႔ တပ္ဖို႔လ်ာထားပါတယ္။ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ထိန္းသိမ္းေရးေကာ္မတီရယ္၊ CCTV တင္ဆင္မယ့္ကုမၸဏီ (၂) ခုရယ္ ပထမအႀကိမ္ေတြ႕ဆံုပါတယ္။ ေတြ႕ဆံုတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ရဲ႕ လိုလားခ်က္ေပါ့။ ဒီၿမိဳ႕ေပၚမွာရိွတဲ့ ပြိဳင့္ (၂၄) ပြိဳင့္ေလာက္ေပါ့။ အဲဒီပိြဳင့္ေတြကိုလည္း ကုမၸဏီေတြက ကြင္းဆင္းေလ့လာေနပါတယ္။ ျဖစ္ႏိုင္စြမ္းေပါ့။ ျဖစ္ႏိုင္စြမ္းဆိုတာ ဘယ္လိုစနစ္မ်ိဳးနဲ႔ ဘယ္လိုကင္မရာမ်ိဳးနဲ႔ သံုးမလဲ။ ကုန္က်စရိတ္ဘယ္ေလာက္ေလာက္ရိွမလဲ။ အဲဒါေတြကြင္းဆင္းၿပီးရင္ကၽြန္ေတာ္တို႔နဲ႔ ဒုတိယအႀကိမ္ေတြ႕ဆံုပါမယ္။ သူတို႔ဘက္က ေလ့လာေတြ႕ရိွခ်က္တင္ျပပါမယ္။ ကၽြန္ေတာ္တို႔ဘက္ကလည္း သံုးႏိုင္တဲ့ေငြေၾကးပမာဏနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့မွ ေရြးခ်ယ္တာ၀န္ေပးပါမယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္တုိက္မႈျဖစ္ပြားၿပီး ထြက္ေျပးေမာင္းႏွင္မႈမ်ားႏွင့္ လမ္းမေပၚတြင္ ေသနတ္ပစ္ခတ္မႈမ်ားအထိ ျဖစ္ပြားခဲ့ရာ ၿမိဳ႕လံုၿခံဳေရးႏွင့္ မႈခင္းေဖၚထုတ္ေရးအတြက္ အရည္အေသြးျမင့္ CCTV မ်ား တပ္ဆင္ထားႏိုင္ရန္ လိုအပ္ေနၿပီး လက္ရိွၿမိဳ႕တြင္း မီးပိြဳင့္မ်ားတြင္ တပ္ဆင္ထားသည့္ CCTV မ်ားမွာ မွတ္တမ္းအရည္အေသြးေကာင္းမြန္ျခင္း မရိွသည့္အျပင္ အလုပ္မလုပ္ေတာ့သည့္ CCTV မ်ားလည္းရိွေနသျဖင့္ အသစ္လဲလွယ္တပ္ဆင္ျခင္းကို ကနဦးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

" ပထမအဆင့္ကေတာ့ မီးပိြဳင့္ေတြအကုန္လံုးမွာ ကင္မရာတပ္လိုက္ဖို႔ေပါ့။ ဒုတိယအဆင့္ကေတာ့ ဒီပိြဳင့္ေတြအကုန္လံုး ေကဘယ္နဲ႔ခ်ိတ္ဆက္မယ္။ တတိယအဆင့္ကေတာ့ Control Center ေဆာက္မယ္ေပါ့။ လွဴဒါန္းတဲ့ေငြေၾကး၊ ေထာက္ပံ့တဲ့ေငြေၾကးေတြရလာရင္ ကၽြန္ေတာ္တုိ႔ တစ္ဆင့္ၿပီးတစ္ဆင့္ အဆင့္ျမႇင့္တင္ေဆာင္ရြက္မယ္လို႔ အၾကမ္းဖ်ဥ္းလ်ာထားပါတယ္"ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာသည္။

လက္ရိွတြင္ ၿမိဳ႕တြင္း မီးပိြဳင့္(၅)ေနရာ၌ အလုပ္မလုပ္ေတာ့သည့့္္ CCTV (၅)လံုးကို လဲလွယ္ထားၿပီး ၿမိဳ႕တြင္းလမ္းမ်ား၌ CCTV တပ္ဆင္ စုစုေပါင္းလွဴဒါန္းေငြ က်ပ္သိန္း (၂၄၀) ရရိွထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း မီးပွိုင့် (၂၄)ခုတွင် စုပေါင်းလှူဒါန်းငွဖြေင့် CCTV တပ်ဆင်ရေးအတွက် ဒေသခံကုမ္ပဏီ (၂)ခုက တွက်ချက်တင်ပြကြမည့် ကုန်ကျစရိတ်အပေါ်မူတည်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့တွင်း CCTV တပ်ဖို့ ဒေသခံကုမ္ပဏီတွေနဲ့ တပ်ဖို့လျာထားပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီရယ်၊ CCTV တင်ဆင်မယ့်ကုမ္ပဏီ (၂) ခုရယ် ပထမအကြိမ်တွေ့ဆုံပါတယ်။ တွေ့ဆုံတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ လိုလားချက်ပေါ့။ ဒီမြို့ပေါ်မှာရှိတဲ့ ပွိုင့် (၂၄) ပွိုင့်လောက်ပေါ့။ အဲဒီပွိုင့်တွေကိုလည်း ကုမ္ပဏီတွေက ကွင်းဆင်းလေ့လာနေပါတယ်။ ဖြစ်နိုင်စွမ်းပေါ့။ ဖြစ်နိုင်စွမ်းဆိုတာ ဘယ်လိုစနစ်မျိုးနဲ့ ဘယ်လိုကင်မရာမျိုးနဲ့ သုံးမလဲ။ ကုန်ကျစရိတ်ဘယ်လောက်လောက်ရှိမလဲ။ အဲဒါတွေကွင်းဆင်းပြီးရင်ကျွန်တော်တို့နဲ့ ဒုတိယအကြိမ်တွေ့ဆုံပါမယ်။ သူတို့ဘက်က လေ့လာတွေ့ရှိချက်တင်ပြပါမယ်။ ကျွန်တော်တို့ဘက်ကလည်း သုံးနိုင်တဲ့ငွေကြေးပမာဏနဲ့ ချိတ်ဆက်ပြီးတော့မှ ရွေးချယ်တာဝန်ပေးပါမယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးမောင်းနှင်မှုများနှင့် လမ်းမပေါ်တွင် သေနတ်ပစ်ခတ်မှုများအထိ ဖြစ်ပွားခဲ့ရာ မြို့လုံခြုံရေးနှင့် မှုခင်းဖော်ထုတ်ရေးအတွက် အရည်အသွေးမြင့် CCTV များ တပ်ဆင်ထားနိုင်ရန် လိုအပ်နပြေီး လက်ရှိမြို့တွင်း မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV များမှာ မှတ်တမ်းအရည်အသွေးကောင်းမွန်ခြင်း မရှိသည့်အပြင် အလုပ်မလုပ်တော့သည့် CCTV များလည်းရှိနေသဖြင့် အသစ်လဲလှယ်တပ်ဆင်ခြင်းကို ကနဦးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

" ပထမအဆင့်ကတော့ မီးပွိုင့်တွေအကုန်လုံးမှာ ကင်မရာတပ်လိုက်ဖို့ပေါ့။ ဒုတိယအဆင့်ကတော့ ဒီပွိုင့်တွေအကုန်လုံး ကေဘယ်နဲ့ချိတ်ဆက်မယ်။ တတိယအဆင့်ကတော့ Control Center ဆောက်မယ်ပေါ့။ လှူဒါန်းတဲ့ငွေကြေး၊ ထောက်ပံ့တဲ့ငွေကြေးတွေရလာရင် ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်မယ်လို့ အကြမ်းဖျဉ်းလျာထားပါတယ်"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

လက်ရှိတွင် မြို့တွင်း မီးပွိုင့်(၅)နေရာ၌ အလုပ်မလုပ်တော့သည့် CCTV (၅)လုံးကို လဲလှယ်ထားပြီး မြို့တွင်းလမ်းများ၌ CCTV တပ်ဆင် စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၂၄၀) ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net