ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း အိမ္ေထာင္စုဇယားျဖင့္ ေနထုိင္သူမ်ားအား ထုတ္ေပးေနသည့္ နယ္စပ္ျဖတ္သန္းခြင့္ တစ္ႏွစ္စာအုပ္အတြက္ တရားဝင္ သတ္မွတ္ႏႈန္းထားမ်ားကို ဗီႏိုင္းျဖင့္ ခ်ိတ္ဆြဲ အသိေပးထားရန္ လႊတ္ေတာ္ကိုယ္စားလွယ္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားရွိ တံတားကူးလက္မွတ္ထုတ္ေပးေရးရံုးသို႔ အႀကံျပဳထားေၾကာင္း သိရသည္။
နယ္စပ္ျဖတ္သန္းလက္မွတ္ ႏွင့္ စာအုပ္ျပဳလုပ္ရာ ေနရာတြင္ လက္ရွိ၌ ယာယီနယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္(TBP)အတြက္သာ ေငြေၾကးသတ္မွတ္ခ်က္ ႏွင့္ လိုအပ္ခ်က္မ်ားကိုသာ ဗီႏိုင္းျဖင့္ ထင္သာျမင္သာ ခ်ိတ္ဆြဲထားရွိေသာ္လည္း နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Border Pass)စာအုပ္အတြက္ သတ္မွတ္ခ်က္မ်ားကို ထင္သာျမင္သာ မျပဳလုပ္ေပးထား၍ အႀကံျပဳျခင္း ျဖစ္ေၾကာင္း သိရသည္။
"တာခ်ီလိတ္ခရိုင္အတြင္းမွာရိွတဲ့ အိမ္ေထာင္စုဇယားရိွတဲ့သူေတြကိုလာလို႔ရိွရင္ (၁) ႏွစ္စာ လုပ္ေပးတယ္။ ဓာတ္ပံုက ဘယ္ႏွစ္ပံု၊ တစ္ႏွစ္စာဆို ဘယ္ေလာက္ေကာက္တယ္၊ သက္တမ္းတိုးရင္ ဘယ္ေလာက္ ေကာက္တယ္ေပါ့ ေရးထားလို႔ရိွရင္ ျပည္သူက အေခါက္ေခါက္ အခါခါ ေမးစရာမလိုေတာ့ဘူးေလ"ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္ - မယ္ဆိုင္ တံတားကူးလက္မွတ္ (၁) ႏွစ္စာ စာအုပ္ျပဳလုပ္ရာတြင္ ေငြေၾကးအမ်ဳိးမ်ဳိး ေပးေဆာင္ေနရေၾကာင္း ၾကားသိရသည့္အတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ ႏွင့္ အဖြဲ႕က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) တံတားသို႔ ၂၀၁၉ခုႏွစ္ မတ္လ(၂၈)ရက္ေန႔ ေန႔လည္ပိုင္းက သြားေရာက္ခဲ့ၿပီး ႏိုင္ငံေတာ္မွ တရား၀င္သက္မွတ္ႏႈန္းထားမ်ားကို အမ်ားျမင္သာသည့္ ေနရာမ်ားတြင္ ေဖၚျပထားရန္ အႀကံျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က တာခ်ီလိတ္ၿမိဳ႕ အိမ္ေထာင္စုစာရင္းျဖင့္ ေနထုိင္သူမ်ားကို ထုိင္းႏိုင္ငံဘက္သို႔ သြားေရာက္လည္ပတ္ခြင့္ အတြက္ နယ္စပ္ျဖတ္သန္းခြင့္ တစ္ႏွစ္စာအုပ္ကို ထုတ္ေပးေနရာမွ တာခ်ီလိတ္ခရိုင္အတြင္း ေနထုိင္သူမ်ားကိုပါ ထုတ္ေပးရန္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တင္ျပခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔မွစ၍ ခြင့္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္နယ္စပ္ဝင္ထြက္ေပါက္မွေန၍ ႏွစ္ႏုိင္ငံသားမ်ားအေနျဖင့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္မ်ားျဖင့္ ကူးလူးသြားလာခြင့္ျပဳထားၿပီး နယ္စပ္ၿမိဳ႕တြင္ေနထုိင္သူမ်ားအေနျဖင့္ လက္မွတ္အႀကိမ္ႀကိမ္ျပဳလုပ္ရျခင္းမရိွေစရန္ တစ္ႏွစ္သက္တမ္းရိွ စာအုပ္ကိုထုတ္ေပးထားျခင္းျဖစ္သည္။
ထုိင္းႏိုင္ငံသို႔ (၁)ႏွစ္သက္တမ္းရွိ စာအုပ္ျဖင့္ သြားလာခြင့္ကို တာခ်ီလိတ္ၿမိဳ႕ေပၚ(၁၁)ရပ္ကြက္ ႏွင့္ ေက်းရြာအုပ္စုအတြင္း တရား၀င္ အိမ္ေထာင္စုစာရင္း ရွိသူမ်ားကိုသာ ခြင့္ျပဳေပးခဲ့ရာမွ ယခုအခါ တာခ်ီလိတ္ခရိုင္အတြင္းရွိ တာခ်ီလိတ္၊ တာေလ၊ က်ဳိင္းလပ္၊ မိုင္းျဖတ္၊ မိုင္းေယာင္း ႏွင့္ မိုင္းယုၿမိဳ႕တို႔ရွိ ရပ္ကြက္ ေက်းရြာမ်ားေန ၿမိဳ႕(၆)ၿမိဳ႕၏ သက္ဆိုင္ရာ အိမ္ေထာင္စုစာရင္းရွိသူမ်ားအား နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ တစ္ႏွစ္စာ စာအုပ္ျပဳလုပ္ေပးခြင့္ကို ခြင့္ျပဳေပးလိုက္ထားၿပီျဖစ္သည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
နယ်စပ်ဖြတ်သန်းလက်မှတ် နှင့် စာအုပ်ပြုလုပ်ရာ နေရာတွင် လက်ရှိ၌ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)အတွက်သာ ငွေကြေးသတ်မှတ်ချက် နှင့် လိုအပ်ချက်များကိုသာ ဗီနိုင်းဖြင့် ထင်သာမြင်သာ ချိတ်ဆွဲထားရှိသော်လည်း နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)စာအုပ်အတွက် သတ်မှတ်ချက်များကို ထင်သာမြင်သာ မပြုလုပ်ပေးထား၍ အကြံပြုခြင်း ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ အိမ်ထောင်စုဇယားရှိတဲ့သူတွေကိုလာလို့ရှိရင် (၁) နှစ်စာ လုပ်ပေးတယ်။ ဓာတ်ပုံက ဘယ်နှစ်ပုံ၊ တစ်နှစ်စာဆို ဘယ်လောက်ကောက်တယ်၊ သက်တမ်းတိုးရင် ဘယ်လောက် ကောက်တယ်ပေါ့ ရေးထားလို့ရှိရင် ပြည်သူက အခေါက်ခေါက် အခါခါ မေးစရာမလိုတော့ဘူးလေ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ် - မယ်ဆိုင် တံတားကူးလက်မှတ် (၁) နှစ်စာ စာအုပ်ပြုလုပ်ရာတွင် ငွေကြေးအမျိုးမျိုး ပေးဆောင်နေရကြောင်း ကြားသိရသည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် အဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) တံတားသို့ ၂၀၁၉ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး နိုင်ငံတော်မှ တရားဝင်သက်မှတ်နှုန်းထားများကို အများမြင်သာသည့် နေရာများတွင် ဖော်ပြထားရန် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က တာချီလိတ်မြို့ အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူများကို ထိုင်းနိုင်ငံဘက်သို့ သွားရောက်လည်ပတ်ခွင့် အတွက် နယ်စပ်ဖြတ်သန်းခွင့် တစ်နှစ်စာအုပ်ကို ထုတ်ပေးနေရာမှ တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများကိုပါ ထုတ်ပေးရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တင်ပြခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်နယ်စပ်ဝင်ထွက်ပေါက်မှနေ၍ နှစ်နိုင်ငံသားများအနဖြေင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များဖြင့် ကူးလူးသွားလာခွင့်ပြုထားပြီး နယ်စပ်မြို့တွင်နေထိုင်သူများအနဖြေင့် လက်မှတ်အကြိမ်ကြိမ်ပြုလုပ်ရခြင်းမရှိစေရန် တစ်နှစ်သက်တမ်းရှိ စာအုပ်ကိုထုတ်ပေးထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ (၁)နှစ်သက်တမ်းရှိ စာအုပ်ဖြင့် သွားလာခွင့်ကို တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စုအတွင်း တရားဝင် အိမ်ထောင်စုစာရင်း ရှိသူများကိုသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် မိုင်းယုမြို့တို့ရှိ ရပ်ကွက် ကျေးရွာများနေ မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းရှိသူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်နှစ်စာ စာအုပ်ပြုလုပ်ပေးခွင့်ကို ခွင့်ပြုပေးလိုက်ထားပြီဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း