ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ ညပိုင်းက ဆိုင်ကယ်ချင်းတိုက်မိမှုနှင့် ဆိုင်ကယ်မတော်တဆတိမ်းမှောက်မှုတို့ ဖြစ်ပွား၍ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
Tachileik News Agency
ဆန်ဆိုင်းဈေးအနီး လမ်းမကြီးပေါ်တွင် ည(၁၀)နာရီဝန်းကျင်က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ဒဏ်ရာရသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ဒဏ်ရာရသူများအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ယင်းနောက် ည (၁၁)နာရီကျော်တွင် ဆေးရုံရှေ့၌ ဆိုင်ကယ်ချင်းတိုက်မိ၍ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ဒဏ်ရာ အသီးသီးရသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ဒဏ်ရာရလူနာများအား ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း