တာခ်ီလိတ္တြင္ ႏွစ္(၂၀) လုပ္ကိုင္ခြင့္ရရွိခဲ့သည့္ မိုင္းဖုန္းသြားလမ္း ဦးထြန္းေအာင္ဂိတ္၏ လမ္းအသံုးျပဳခေကာက္ခံမႈကို ေဖေဖာ္၀ါရီ (၂၈) ရက္ေန႔ ည(၁၂) ေနာက္ဆံုးထားရုပ္သိမ္းၿပီး ေမာင္းတံမ်ားဖယ္ရွားရန္ ညႊန္ၾကားထား

တာခ်ီလိတ္တြင္ ႏွစ္(၂၀) လုပ္ကိုင္ခြင့္ရရွိခဲ့သည့္ မိုင္းဖုန္းသြားလမ္း ဦးထြန္းေအာင္ဂိတ္၏ လမ္းအသံုးျပဳခေကာက္ခံမႈကို ေဖေဖာ္၀ါရီ (၂၈) ရက္ေန႔ ည(၁၂) ေနာက္ဆံုးထားရုပ္သိမ္းၿပီး ေမာင္းတံမ်ားဖယ္ရွားရန္ ညႊန္ၾကားထား
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ စက္မႈဇုန္လမ္းမွ ေ၀ွေလလန္သို႔ သြားသည့္ လမ္းမေပၚရိွ ဦးထြန္းေအာင္ဂိတ္မွာ သတ္မွတ္ သက္တမ္း ကုန္ဆံုးၿပီျဖစ္သျဖင့္ လမ္းအသံုးျပဳခ ေကာက္ခံမႈကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီ (၂၈) ရက္ေန႔ည (၁၂) ေနာက္ဆံုးထား၍ ေမာင္းတံမ်ား ဖယ္ရွားရန္ အသိေပးထားၿပီး ျဖစ္ေၾကာင္း သိရသည္။

“အစိုးရအဖြဲ႕က ရုတ္လိုက္ၿပီေလ။ (၂၈) ရက္ေန႔ေနာက္ဆံုးေပါ့။ အဲဒါေခၚေျပာတာပါ။ ေမာင္းတံေတြျဖဳတ္ဖို႔၊ လမ္းဦးစီးကိုျပန္အပ္ဖို႔။ လႊတ္ေတာ္ကိုယ္စားလွယ္ပါတယ္။ လမ္းဦးစီးပါတယ္။ စီခန္႔ပါတယ္”ဟု တာခ်ီလိတ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖၚဝါရီလ (၂၈)ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ ဂိတ္ပိတ္သိမ္းရန္ အစည္းအေ၀းျပဳလုပ္ရာ၌ လမ္းအသံုးျပဳခေကာက္ခံခြင့္ရကုမၸဏီဘက္မွ အစိုးရအဖြဲ႕သို႔ အသနားခံစာတင္ထားေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း လက္ရိွတြင္ သက္တမ္း ကုန္ဆံုးၿပီျဖစ္သျဖင့္ ေငြေၾကးေကာက္ခံမႈမျပဳရန္ႏွင့္ ေမာင္းတံမ်ား ျဖဳတ္သိမ္းရန္ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။

“သူတို႔က အသနားခံစာတင္တယ္။ စာခ်ဳပ္ျပည့္တဲ့အတြက္ ရပ္ဆိုင္းဖို႔ပဲ ကၽြန္ေတာ္တို႔ေျပာလိုက္တယ္။ အသနားခံစာတင္တာ ရွမ္းျပည္နယ္အစိုးရနဲ႔ ျပည္ေထာင္စုကခြင့္ျပဳရင္ ကၽြန္ေတာ္တို႔ျပန္လာေျပာ။ ဒီၾကားထဲ စာခ်ဳပ္သက္တမ္းျပည့္တဲ့အတြက္ ရပ္ထားပါ။ ပိုက္ဆံေကာက္လို႔မရဘူး။ ဂိတ္ေတြဖ်က္ထားပါ။ လမ္းကို လမ္းဦးစီးကိုအပ္ဖို႔”ဟု တာခ်ီလိတ္ၿမိဳ႕ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ေလယာဥ္ကြင္းလမ္းဆံုမွ ဝမ္ပံုဆိပ္ကမ္းသြား လမ္းဆံုအထိ (၂)မုိင္ေက်ာ္အရွည္ရိွေသာ လမ္းပိုင္းကို ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီလက္ထက္ ၁၉၉၈ ခုႏွစ္တြင္ အႏွစ္(၂၀) လုပ္ကိုင္ခြင့္ျဖင့္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ျဖတ္သန္းခေကာက္ခံသည့္ႏႈန္းထားျမင့္သျဖင့္ ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက ေဒသခံျပည္သူ (၅၀၀)ဝန္းက်င္ ဆႏၵထုတ္ေဖၚခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွာ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ တိုင္းမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ေဒသဖြံ႕ၿဖိဳးေရး စီမံခ်က္ျဖင့္ လုပ္ပိုင္ခြင့္ ႏွစ္ (၂၀) ေပးခဲ့ျခင္းျဖစ္ရာ ဂိတ္ေၾကးေကာက္ခံပိုင္ခြင့္မွာ ၂၀၁၉ ခုႏွစ္ မတ္လ(၁)ရက္ေန႔အထိ ျဖစ္ေၾကာင္း သိရသည္။

ဂိတ္ျဖတ္သန္းမႈကို ေမာ္ေတာ္ဆိုင္ကယ္အား (၁၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ စက်မှုဇုန်လမ်းမှ ဝှေလေလန်သို့ သွားသည့် လမ်းမပေါ်ရှိ ဦးထွန်းအောင်ဂိတ်မှာ သတ်မှတ် သက်တမ်း ကုန်ဆုံးပြီဖြစ်သဖြင့် လမ်းအသုံးပြုခ ကောက်ခံမှုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့ည (၁၂) နောက်ဆုံးထား၍ မောင်းတံများ ဖယ်ရှားရန် အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။

“အစိုးရအဖွဲ့က ရုတ်လိုက်ပြီလေ။ (၂၈) ရက်နေ့နောက်ဆုံးပေါ့။ အဲဒါခေါ်ပြောတာပါ။ မောင်းတံတွဖြေုတ်ဖို့၊ လမ်းဦးစီးကိုပြန်အပ်ဖို့။ လွှတ်တော်ကိုယ်စားလှယ်ပါတယ်။ လမ်းဦးစီးပါတယ်။ စီခန့်ပါတယ်”ဟု တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဂိတ်ပိတ်သိမ်းရန် အစည်းအေဝးပြုလုပ်ရာ၌ လမ်းအသုံးပြုခကောက်ခံခွင့်ရကုမ္ပဏီဘက်မှ အစိုးရအဖွဲ့သို့ အသနားခံစာတင်ထားကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိတွင် သက်တမ်း ကုန်ဆုံးပြီဖြစ်သဖြင့် ငွေကြေးကောက်ခံမှုမပြုရန်နှင့် မောင်းတံများ ဖြုတ်သိမ်းရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။

“သူတို့က အသနားခံစာတင်တယ်။ စာချုပ်ပြည့်တဲ့အတွက် ရပ်ဆိုင်းဖို့ပဲ ကျွန်တော်တို့ပြောလိုက်တယ်။ အသနားခံစာတင်တာ ရှမ်းပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုကခွင့်ပြုရင် ကျွန်တော်တို့ပြန်လာပြော။ ဒီကြားထဲ စာချုပ်သက်တမ်းပြည့်တဲ့အတွက် ရပ်ထားပါ။ ပိုက်ဆံကောက်လို့မရဘူး။ ဂိတ်တွေဖျက်ထားပါ။ လမ်းကို လမ်းဦးစီးကိုအပ်ဖို့”ဟု တာချီလိတ်မြို့ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

တာချီလိတ်မြို့၊ လေယာဉ်ကွင်းလမ်းဆုံမှ ဝမ်ပုံဆိပ်ကမ်းသွား လမ်းဆုံအထိ (၂)မိုင်ကျော်အရှည်ရှိသော လမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၈ ခုနှစ်တွင် အနှစ်(၂၀) လုပ်ကိုင်ခွင့်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဖြတ်သန်းခကောက်ခံသည့်နှုန်းထားမြင့်သဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူ (၅၀၀)ဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် လုပ်ပိုင်ခွင့် နှစ် (၂၀) ပေးခဲ့ခြင်းဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

ဂိတ်ဖြတ်သန်းမှုကို မော်တော်ဆိုင်ကယ်အား (၁၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ်နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~