တာခ်ီလိတ္ၿမိဳ႕ လံုၿခံဳေရးအတြက္ CCTV မ်ားကို မီးပိြဳင့္မ်ားႏွင့္ အဓိက ေနရာမ်ားမွာ ကိုယ္ထူကိုယ္ထ အစီအစဥ္ျဖင့္ အျမန္ဆံုး တပ္ဆင္သြားမည္

တာခ်ီလိတ္ၿမိဳ႕ လံုၿခံဳေရးအတြက္ CCTV မ်ားကို မီးပိြဳင့္မ်ားႏွင့္ အဓိက ေနရာမ်ားမွာ ကိုယ္ထူကိုယ္ထ အစီအစဥ္ျဖင့္ အျမန္ဆံုး တပ္ဆင္သြားမည္
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း လံုၿခံဳေရးအတြက္ လမ္းဆံုမီးပြိဳင့္မ်ားႏွင့္ အေရးႀကီး ေနရာမ်ားတြင္ CCTV မ်ား တပ္ဆင္ရန္ လတ္တေလာတြင္ ကိုယ္ထူကိုယ္ထစနစ္ျဖင့္ ေဆာင္ရြက္သြားမည္ ျဖစ္ၿပီး ႏိုင္ငံေတာ္ ဘတ္ဂ်က္လည္း တင္ျပေတာင္းခံသြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလိုက္သည္။

“လက္ရိွမွာလည္းၿမိဳ႕ထဲမွာ တပ္ထားတဲ့ CCTV ေတြ ရိွၿပီးသားပါ။ တစ္ခ်ိဳ႕ေတြက်ေတာ့ တပ္ထားတာ ၾကာေတာ့ အလုပ္ မလုပ္ေတာ့ဘူးေပါ့။ အလုပ္လုပ္ေနတဲ့ CCTV ေတြလည္းအမ်ားအျပား ရိွပါတယ္။ အဓိက က ကၽြန္ေတာ္တို႔က တံတား (၁) တို႔ (၂) တို႔၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတို႔၊ ေရႊတိဂံု ဘုရားဘက္ျခမ္းတို႔၊ ၿမိဳ႕ပတ္လမ္းတို႔ အေရးႀကီးတဲ့ပိြဳင့္ေတြမွာ ကၽြန္ေတာ္တို႔က တပ္သြားမွာပါ။ ဒါကလည္းကိုယ့္ၿမိဳ႕ကေန ကိုယ္ထူကိုယ္ထ အစီအစဥ္နဲ႔ လုပ္သြားမွာပါ။ တကယ္ေတာ့ ေတာင္ႀကီးတို႔ က်ိဳင္းတံုတို႔ဆို ႏိုင္ငံေတာ္ကေန ဘတ္ဂ်က္ေပးၿပီးေတာ့ ေဆာင္ရြက္ေနတာေတြ ရိွပါတယ္။ အဲဒီေတာ့ ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်က္ကို ေတာင္းတာေတာ့ ေတာင္းမွာေပါ့။ တစ္ဖက္မွာလည္း ကၽြန္ေတာ္တို႔ ႏိုင္တဲ့ဘက္က ၿမိဳ႕အတြက္ လံုၿခံဳေရးအတြက္ကလည္း အေရးႀကီးေနေတာ့ ဒါေလးကို အျမန္ဆံုး အေကာင္အထည္ ေဖာ္သြားမွာပါ”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၁၈) ရက္ေန႔တြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

မၾကာခင္ ကာလတြင္ ၿမိဳ႕တြင္း CCTV တပ္ဆင္ရန္ လွဴဒါန္းမည့္ ျပည္သူမ်ားႏွင့္ တပ္ဆင္လိုသည့္ ကုမၸဏီမ်ားကို ေခၚယူၿပီး ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆံုပြဲတစ္ခု ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း၊ ေတြ႕ဆံုပြဲတြင္ အေရးႀကီးသည့္ မီးပိြဳင့္မ်ားႏွင့္ CCTV တပ္ဆင္မည့္ ေနရာမ်ား၊ တပ္ဆင္မည့္ ကုမၸဏီကို ေရြးခ်ယ္သြားမည္ ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ အဆိုပါပြဲတြင္ တက္ေရာက္ၿပီး အႀကံဥာဏ္ေပးရန္လည္း ဖိတ္ေခၚေၾကာင္း ၎က ေျပာသည္။

CCTV တပ္ဆင္ရန္အတြက္ အစိုးရဘတ္ဂ်က္အေနျဖင့္ အတိအက် သတ္မွတ္ခ်က္မရိွေသာ္လည္း မိမိတို႔ ေဆာင္ရြက္ရမည့္ ၿမိဳ႕ဧရိယာအက်ယ္အ၀န္းႏွင့္ လုပ္ေဆာင္ရမည့္ အေသးစိတ္ အခ်က္အလက္မ်ား ေပၚမူတည္ၿပီး သတ္မွတ္ထားသည့္ စံႏႈန္းမ်ားရိွေၾကာင္း၊ လက္ရိွတြင္ ျပည္နယ္အဆင္ ့ၿမိဳ႕ႀကီးမ်ားအတြက္ ဘတ္ဂ်က္မ်ား ခ်ထားေပးေနၿပီး တာခ်ီလိတ္ၿမိဳ႕ အတြက္မႈ လက္ရိွဘတ္ဂ်က္တြင္ မပါ၀င္ပါက ေနာက္ႏွစ္ ဘတ္ဂ်က္တြင္ ပါ၀င္ႏိုင္ေၾကာင္း သိရသည္။

“ေတာင္းခံစရာမလိုဘူး။ ခရိုင္ၿမိဳ႕အဆင့္ေတြကို အကုန္လံုးလုပ္မွာဗ်။ သူကအလွည့္က် စနစ္ လုပ္ေနလို႔သာ။ က်ိဳင္းတံုတို႔ ဘာတို႔က ျပည္နယ္အဆင့္ျဖစ္လို႔ လုပ္တာ။ ဒုျပည္နယ္အဆင့္ဆိုၿပီး ထားတဲ့အတြက္ လုပ္တာ”ဟု  ရွမ္းျပည္နယ္လႊတ္ေတာ္ ေဒသႏၲရစီမံကိန္းႏွင့္ဘ႑ာေရး စီစစ္ေရး ေကာ္မတီ ဥကၠဌ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း CCTV မ်ား တပ္ဆင္ရန္အတြက္ လက္ရွိတြင္ က်ပ္သိန္း(၂၄၀)ရွိထားၿပီးျဖစ္သည့္ အတြက္ အျမန္ဆံုး အေကာင္အထည္ ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ရဲ႕တရားဥပေဒစိုးမိုးေရးေပါ့။ လံုၿခံဳေရးအေျခအေနအရ ကၽြန္ေတာ္တို႔ ၿမိဳ႕ေတြမွာ CCTV ရိွဖို႔ဆိုတာ အဓိက အေရးအႀကီးဆံုး အလိုအပ္ဆံုးျဖစ္ပါတယ္။ ကၽြန္ေတာ့္ေရွ႕က တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြ လက္ထက္မွာလည္း အေကာင္အထည္ ေဖာ္လုပ္ခဲ့ပါတယ္။ မၿပီးျပတ္ ေသးဘူးေပါ့။ ၿမိဳ႕ထဲမွာ CCTV တပ္ဖို႔ စၿပီးႀကိဳးပမ္းေနပါတယ္။ အေရးႀကီးတဲ့ ပြိဳင့္ေတြေပါ့ အနည္းဆံုး (၁၇) ပိြဳင့္မွာ အလံုး (၃၄) လံုးေလာက္တပ္ဖို႔ လ်ာထားတာေပါ့။ အဲဒီအတြက္ကို ၿမိဳ႕မီးလင္းေရးေကာ္မတီက သိန္း (၂၀၀) လွဴဒါန္းထားပါတယ္။ ေနာက္(Eastern Eagle MC)ဆိုင္ကယ္စီးတဲ့အဖြဲ႕က သိန္း (၄၀) လွဴဒါန္း ထားေတာ့ သိန္း (၂၄၀) ရထားၿပီးသား ရိွပါတယ္။ အဲဒါေတြကိုဆက္ၿပီးေတာ့ အျမန္ဆံုး အေကာင္ အထည္ေဖာ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း CCTV မ်ားကို စနစ္တက် ျဖစ္ေစရန္အတြက္ CCTV Control Center တစ္ခုထားရွိၿပီး ေစာင့္ၾကည့္သြားရမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးက ဆိုသည္။

“CCTV ေတြကို တစ္ေနရာတည္းမွာ တပ္ထားၿပီး အသံုးျပဳလို႔မရဘူး။ CCTV Control Center ႀကီး တစ္ခုထားၿပီး ထိန္းခ်ဳပ္ၿပီး ယာဥ္ထိန္းတပ္ဖြဲ႕မွာ ျဖစ္ျဖစ္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနမွာျဖစ္ျဖစ္ ထားၿပီး ၾကည့္ရႈတဲ့ သူပါထားရမယ္။ ထားၿပီးေတာ့မွ ဘယ္အပိုင္းမွာ မႈခင္းျဖစ္ပြားတယ္။ မႈခင္းျဖစ္ပြားျခင္း မဟုတ္ရင္လည္း ေနာက္ျပန္ၿပီးေတာ့ ဘယ္ေန႔ဘယ္ရက္က လိုလားရင္အကြက္လိုက္ အပိုင္းလိုက္ ၾကည့္ရႈလို႔ ရမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္Control Center ႀကီးထားရိွဖို႔ တြက္ခ်က္မႈေတြ လုပ္ေနတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရဲမွဴးလွဦးက ေျပာသည္။

လက္ရွိတြင္ တာခ်ီလိတ္ၿမိဳ႕ရွိ မီးပြိဳင့္မ်ား၌ ယခင္ကတည္းက တပ္ဆင္ထားသည့္ CCTV မ်ားမွာ ေကာင္းစြာ အလုပ္ မလုပ္ေတာ့၍ အသစ္ျပန္လည္ တပ္ဆင္ရန္အတြက္ လြန္ခဲ့သည့္ ၂၀၁၆ခုႏွစ္ ေမလ(၁၁)ရက္ေန႔က  တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္  ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ နည္းပညာကုမၸဏီမွ တာ၀န္ရွိသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီး ၂၀၁၆ခုႏွစ္ ဇြန္လအတြင္း တပ္ဆင္သြားရန္ စီစဥ္ ထားေသာ္လည္း  ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလအကုန္အထိ အေကာင္အထည္ေဖာ္ႏုိင္္ခဲ့ျခင္းမရွိသည့္အတြက္ မၾကာမီကာလတြင္ အေကာင္အထည္ေဖာ္ႏို္င္ရန္အတြက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း လုံခြုံရေးအတွက် လမ်းဆုံမီးပွိုင့်များနှင့် အရေးကြီး နေရာများတွင် CCTV များ တပ်ဆင်ရန် လတ်တလောတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်လည်း တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

“လက်ရှိမှာလည်းမြို့ထဲမှာ တပ်ထားတဲ့ CCTV တွေ ရှိပြီးသားပါ။ တစ်ချို့တွေကျတော့ တပ်ထားတာ ကြာတော့ အလုပ် မလုပ်တော့ဘူးပေါ့။ အလုပ်လုပ်နေတဲ့ CCTV တွေလည်းအများအပြား ရှိပါတယ်။ အဓိက က ကျွန်တော်တို့က တံတား (၁) တို့ (၂) တို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတို့၊ ရွှေတိဂုံ ဘုရားဘက်ခြမ်းတို့၊ မြို့ပတ်လမ်းတို့ အရေးကြီးတဲ့ပွိုင့်တွေမှာ ကျွန်တော်တို့က တပ်သွားမှာပါ။ ဒါကလည်းကိုယ့်မြို့ကနေ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ လုပ်သွားမှာပါ။ တကယ်တော့ တောင်ကြီးတို့ ကျိုင်းတုံတို့ဆို နိုင်ငံတော်ကနေ ဘတ်ဂျက်ပေးပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို တောင်းတာတော့ တောင်းမှာပေါ့။ တစ်ဖက်မှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က မြို့အတွက် လုံခြုံရေးအတွက်ကလည်း အရေးကြီးနေတော့ ဒါလေးကို အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မကြာခင် ကာလတွင် မြို့တွင်း CCTV တပ်ဆင်ရန် လှူဒါန်းမည့် ပြည်သူများနှင့် တပ်ဆင်လိုသည့် ကုမ္ပဏီများကို ခေါ်ယူပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ တွေ့ဆုံပွဲတွင် အရေးကြီးသည့် မီးပွိုင့်များနှင့် CCTV တပ်ဆင်မည့် နေရာများ၊ တပ်ဆင်မည့် ကုမ္ပဏီကို ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနဖြေင့် အဆိုပါပွဲတွင် တက်ရောက်ပြီး အကြံဉာဏ်ပေးရန်လည်း ဖိတ်ခေါ်ကြောင်း၎င်းက ပြောသည်။

CCTV တပ်ဆင်ရန်အတွက် အစိုးရဘတ်ဂျက်အနဖြေင့် အတိအကျ သတ်မှတ်ချက်မရှိသော်လည်း မိမိတို့ ဆောင်ရွက်ရမည့် မြို့ဧရိယာအကျယ်အဝန်းနှင့် လုပ်ဆောင်ရမည့် အသေးစိတ် အချက်အလက်များ ပေါ်မူတည်ပြီး သတ်မှတ်ထားသည့် စံနှုန်းများရှိကြောင်း၊ လက်ရှိတွင် ပြည်နယ်အဆင့်မြို့ကြီးများအတွက် ဘတ်ဂျက်များ ချထားပေးနပြေီး တာချီလိတ်မြို့ အတွက်မှု လက်ရှိဘတ်ဂျက်တွင် မပါဝင်ပါက နောက်နှစ် ဘတ်ဂျက်တွင် ပါဝင်နိုင်ကြောင်း သိရသည်။

“တောင်းခံစရာမလိုဘူး။ ခရိုင်မြို့အဆင့်တွေကို အကုန်လုံးလုပ်မှာဗျ။ သူကအလှည့်ကျ စနစ် လုပ်နေလို့သာ။ ကျိုင်းတုံတို့ ဘာတို့က ပြည်နယ်အဆင့်ဖြစ်လို့ လုပ်တာ။ ဒုပြည်နယ်အဆင့်ဆိုပြီး ထားတဲ့အတွက် လုပ်တာ”ဟု ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး စီစစ်ရေး ကော်မတီ ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း CCTV များ တပ်ဆင်ရန်အတွက် လက်ရှိတွင် ကျပ်သိန်း(၂၄၀)ရှိထားပြီးဖြစ်သည့် အတွက် အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့ရဲ့တရားဥပဒေစိုးမိုးရေးပေါ့။ လုံခြုံရေးအခြေအနေအရ ကျွန်တော်တို့ မြို့တွေမှာ CCTV ရှိဖို့ဆိုတာ အဓိက အရေးအကြီးဆုံး အလိုအပ်ဆုံးဖြစ်ပါတယ်။ ကျွန်တော့်ရှေ့က တာဝန်ထမ်းဆောင်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေ လက်ထက်မှာလည်း အကောင်အထည် ဖော်လုပ်ခဲ့ပါတယ်။ မပြီးပြတ် သေးဘူးပေါ့။ မြို့ထဲမှာ CCTV တပ်ဖို့ စပြီးကြိုးပမ်းနေပါတယ်။ အရေးကြီးတဲ့ ပွိုင့်တွေပေါ့ အနည်းဆုံး (၁၇) ပွိုင့်မှာ အလုံး (၃၄) လုံးလောက်တပ်ဖို့ လျာထားတာပေါ့။ အဲဒီအတွက်ကို မြို့မီးလင်းရေးကော်မတီက သိန်း (၂၀၀) လှူဒါန်းထားပါတယ်။ နောက်(Eastern Eagle MC)ဆိုင်ကယ်စီးတဲ့အဖွဲ့က သိန်း (၄၀) လှူဒါန်း ထားတော့ သိန်း (၂၄၀) ရထားပြီးသား ရှိပါတယ်။ အဲဒါတွေကိုဆက်ပြီးတော့ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

တာချီလိတ်မြို့တွင်း CCTV များကို စနစ်တကျ ဖြစ်စေရန်အတွက် CCTV Control Center တစ်ခုထားရှိပြီး စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

“CCTV တွေကို တစ်နေရာတည်းမှာ တပ်ထားပြီး အသုံးပြုလို့မရဘူး။ CCTV Control Center ကြီး တစ်ခုထားပြီး ထိန်းချုပ်ပြီး ယာဉ်ထိန်းတပ်ဖွဲ့မှာ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနမှာဖြစ်ဖြစ် ထားပြီး ကြည့်ရှုတဲ့ သူပါထားရမယ်။ ထားပြီးတော့မှ ဘယ်အပိုင်းမှာ မှုခင်းဖြစ်ပွားတယ်။ မှုခင်းဖြစ်ပွားခြင်း မဟုတ်ရင်လည်း နောက်ပြန်ပြီးတော့ ဘယ်နေ့ဘယ်ရက်က လိုလားရင်အကွက်လိုက် အပိုင်းလိုက် ကြည့်ရှုလို့ ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်Control Center ကြီးထားရှိဖို့ တွက်ချက်မှုတွေ လုပ်နေတယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဦးက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့ရှိ မီးပွိုင့်များ၌ ယခင်ကတည်းက တပ်ဆင်ထားသည့် CCTV များမှာ ကောင်းစွာ အလုပ် မလုပ်တော့၍ အသစ်ပြန်လည် တပ်ဆင်ရန်အတွက် လွန်ခဲ့သည့် ၂၀၁၆ခုနှစ် မေလ(၁၁)ရက်နေ့က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး ၂၀၁၆ခုနှစ် ဇွန်လအတွင်း တပ်ဆင်သွားရန် စီစဉ် ထားသော်လည်း ၂၀၁၉ခုနှစ် ဇန်နဝါရီလအကုန်အထိ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိသည့်အတွက် မကြာမီကာလတွင် အကောင်အထည်ဖော်နို်င်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~