ဆုိင္ကယ္ကြန္ဘိြဳင္းစီးနင္းသူမ်ားသည္ ရွမ္းရိုးမကြင္းမွ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၅)ရက္ေန႔ နံနက္(၁၀)နာရီတြင္ စတင္ထြက္ခြာၾကျခင္းျဖစ္ၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလုိက္နာေရး အသိေပး လံႈ႕ေဆာ္သည့္ တီရွပ္မ်ား ဝတ္ဆင္စီးနင္းၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးအတြက္ ပူးေပါင္းကူညီမႈမ်ား ေဆာင္ရြက္ခဲ့ၾကသည္။
ျမန္မာႏွင့္ ႏုိင္ငံတကာမွ Biker မ်ားနွင့္အတူ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ တာခ်ီလိတ္ခရိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (၁၁၉)မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴးေဇာ္မင္းသိန္း၊ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕ခံအခ်ိဳ႕လည္း အတူလုိက္ပါ စီးနင္းၾကၿပီး ယာဥ္ထိန္းတပ္ဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕တို႔က ခရီးစဥ္တေလွ်ာက္ လံုၿခံဳေရး ေဆာင္ရြက္ေပးထားသည္ကို ေတြ႔ရသည္။
တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club က စီစဥ္သည့္ တတိယအႀကိမ္ Tachileik Bike Week တြင္ ျမန္မာႏုိင္ငံ ေဒသအသီးသီးမွ Biker မ်ားအျပင္ ဘရူႏုိင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ထုိင္း၊ စကၤာပူ၊ လာအို၊ ကေမၻာဒီးယားႏွင့္ အျခားႏုိင္ငံမ်ားမွလည္း လာေရာက္ေနၾကျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း
ဆိုင်ကယ်ကွန်ဘွိုင်းစီးနင်းသူများသည် ရှမ်းရိုးမကွင်းမှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီတွင် စတင်ထွက်ခွာကြခြင်းဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပေး လှုံ့ဆော်သည့် တီရှပ်များ ဝတ်ဆင်စီးနင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးအတွက် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနှင့် နိုင်ငံတကာမှ Biker များနှင့်အတူ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်း၊ ဌာနဆိုင်ရာများ၊ မြို့ခံအချို့လည်း အတူလိုက်ပါ စီးနင်းကြပြီး ယာဉ်ထိန်းတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ခရီးစဉ်တလျှောက် လုံခြုံရေး ဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။
တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club က စီစဉ်သည့် တတိယအကြိမ် Tachileik Bike Week တွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ Biker များအပြင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှလည်း လာရောက်နကြခြေင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း