Tachileik News Agency
အဆိုပါ ရုံးဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အမျိုးသားလွှတ်တော်ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရုံးများဖွင့်လှစ်ပွဲအပြီးတွင် စုပေါင်းရုံးကို တာဝန်ယူဆောက်လုပ်ခဲ့သည့် ဝင်းထက်မြန်မာကုမ္ပဏီက ရုံးခန်းလွှဲပြောင်းပေးအပ်ခြင်းနှင့် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပနေသည်။
Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း