Tachileik Bike Week သို႔ ေရာက္ရွိလာသည့္ ျပည္တြင္းျပည္ပမွ Biker မ်ားက က်ပ္သိန္း(၆၀)နီးပါး အထက(ခြဲ)ဝမ္ပံုသို႔ စုေပါင္းလွဴဒါန္း

Tachileik Bike Week သို႔ ေရာက္ရွိလာသည့္ ျပည္တြင္းျပည္ပမွ Biker မ်ားက က်ပ္သိန္း(၆၀)နီးပါး အထက(ခြဲ)ဝမ္ပံုသို႔ စုေပါင္းလွဴဒါန္း
ဒီဇင်ဘာ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ မဲေခါင္ျမစ္ကမ္းသို႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၅)ရက္ေန႔က ဆိုင္ကယ္ကြန္ဘိြဳင္းစီးနင္းသည့္ Biker မ်ားက အေျခခံပညာအထက္တန္းေက်ာင္းခြဲ(ဝမ္ပံု)အတြက္ စုစုေပါင္းအလွဴေငြ က်ပ္(၂,၃၉၀,၀၀၀)ႏွင့္ ဘတ္ေငြ(၇၅,၄၃၃)ဘတ္ကို စုေပါင္းလွဴဒါန္းၾကသည္။

“အခု လွဴဒါန္းေငြနဲ႔ ေက်ာင္းမွာလက္ရိွ တည္ေဆာက္ေနတဲ့ ေရစင္ၿပီးေအာင္ တည္ေဆာက္ႏုိင္မွာပါ။ အခုလို အေဝးႀကီးကေန လာေရာက္ လွဴဒါန္းေပးၾကတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။ ကၽြန္မတုိ႔ေက်ာင္းမွာ လိုအပ္ေနတာေတာ့ အမ်ားႀကီးပါ။ ေက်ာင္းေဆာင္ဆိုလည္း မေလာက္လို႔ အခုက အတန္းႀကီးေတြကို စာသင္ခန္း အျပည့္ေပးထားၿပီး အငယ္တန္းေတြကို Hall ခန္းထဲမွာ စုေပါင္းသင္ေပးေနရတယ္။ ေက်ာင္းေဆာင္ေရာ၊ သင္ေထာက္ကူပစၥည္းေတြ၊ ဝန္ထမ္းေတြအတြက္ အေဆာင္ေတြလိုေနတယ္”ဟု အေျခခံပညာအထက္တန္းေက်ာင္းခြဲ(ဝမ္ပံု)မွ တာဝန္ခံေက်ာင္းအုပ္ ေဒၚယဥ္ယဥ္ေအးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ (၁၉)မိုင္အကြာရိွ ဝမ္ပံုအထက္တန္းေက်ာင္းခြဲတြင္ ေက်ာင္းသားေက်ာင္းသူ (၃၄၂)ဦးႏွင့္ ဆရာ၊ဆရာမ ဝန္ထမ္းစုစုေပါင္း (၂၃)ဦး ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မွ Eastern Eagle MC က စီစဥ္သည့္ တတိယအႀကိမ္ Tachileik Bike Week သို႔ လာေရာက္စုစည္းၾကသည့္ ျမန္မာႏွင့္ ႏုိင္ငံတကာ Biker မ်ားက အဆိုပါေက်ာင္းတြင္ စုေပါင္းလွဴဒါန္းၾကရာ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ဆရာ၊ဆရာမမ်ားက Biker အဖြဲ႕အား ႀကိဳဆိုခဲ့ ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထို္က္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မဲခေါင်မြစ်ကမ်းသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့က ဆိုင်ကယ်ကွန်ဘွိုင်းစီးနင်းသည့် Biker များက အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်ပုံ)အတွက် စုစုပေါင်းအလှူငွေ ကျပ်(၂,၃၉၀,ဝဝဝ)နှင့် ဘတ်ငွေ(၇၅,၄၃၃)ဘတ်ကို စုပေါင်းလှူဒါန်းကြသည်။

“အခု လှူဒါန်းငွေနဲ့ ကျောင်းမှာလက်ရှိ တည်ဆောက်နေတဲ့ ရေစင်ပြီးအောင် တည်ဆောက်နိုင်မှာပါ။ အခုလို အဝေးကြီးကနေ လာရောက် လှူဒါန်းပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကျောင်းမှာ လိုအပ်နေတာတော့ အများကြီးပါ။ ကျောင်းဆောင်ဆိုလည်း မလောက်လို့ အခုက အတန်းကြီးတွေကို စာသင်ခန်း အပြည့်ပေးထားပြီး အငယ်တန်းတွေကို Hall ခန်းထဲမှာ စုပေါင်းသင်ပေးနေရတယ်။ ကျောင်းဆောင်ရော၊ သင်ထောက်ကူပစ္စည်းတွေ၊ ဝန်ထမ်းတွေအတွက် အဆောင်တွေလိုနေတယ်”ဟု အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်ပုံ)မှ တာဝန်ခံကျောင်းအုပ် ဒေါ်ယဉ်ယဉ်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မှ (၁၉)မိုင်အကွာရှိ ဝမ်ပုံအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ (၃၄၂)ဦးနှင့် ဆရာ၊ဆရာမ ဝန်ထမ်းစုစုပေါင်း (၂၃)ဦး ရှိကြောင်း သိရသည်။

တာချီလိတ်မြို့မှ Eastern Eagle MC က စီစဉ်သည့် တတိယအကြိမ် Tachileik Bike Week သို့ လာရောက်စုစည်းကြသည့် မြန်မာနှင့် နိုင်ငံတကာ Biker များက အဆိုပါကျောင်းတွင် စုပေါင်းလှူဒါန်းကြရာ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများက Biker အဖွဲ့အား ကြိုဆိုခဲ့ ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထို်က်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~