တာခ်ီလိတ္ၿမိဳ႕၌ ျပည္တြင္းျပည္ပမွ ဆိုင္ကယ္အဖြဲ႔မ်ား ပါဝင္မည့္ တတိယအႀကိမ္ေျမာက္ Tachileik Bike Week ပြဲ ဒီဇင္ဘာလ(၁၄)ရက္ေန႔တြင္ က်င္းပမည္

တာခ်ီလိတ္ၿမိဳ႕၌ ျပည္တြင္းျပည္ပမွ ဆိုင္ကယ္အဖြဲ႔မ်ား ပါဝင္မည့္ တတိယအႀကိမ္ေျမာက္ Tachileik Bike Week ပြဲ ဒီဇင္ဘာလ(၁၄)ရက္ေန႔တြင္ က်င္းပမည္
နိုဝင်ဘာ 6, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club က စီစဥ္သည့္ တတိယ အႀကိမ္ေျမာက္ Tachileik Bike Week ကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ဒီဇင္ဘာလအတြင္း (၂)ရက္တာ က်င္းပသြားမည္ျဖစ္ၿပီး ပြဲမွ ရရွိလာမည့္ အက်ဳိးအျမတ္အားလံုးကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္က က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ Tachileik BIKE WEEK မွ ရရိွခဲ့သည့္ အက်ိဳးအျမတ္ က်ပ္သိန္း (၁၀၀)ထဲမွ တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တစ္ဆင့္ လွဴဒါန္းေငြ က်ပ္သိန္း (၅၀)ႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္အတြင္းမွ မိဘမဲ့ ကေလးမ်ားေက်ာင္းမ်ားအတြက္ က်ပ္သိန္း (၅၀)ကို ကိုယ္တုိင္ကိုယ္က် သြားေရာက္လွဴဒါန္းေပးခဲ့ျခင္းျဖစ္ေၾကာင္း  သိရသည္။

ရွမ္းရိုးမကြင္း၌ (၂)ရက္တာ က်င္းပမည့္ အဆိုပါ ပြဲကာလအတြင္း ဆိုင္ခန္းမ်ားရိွသည့္ ဧရိယာတြင္ ဝင္ေၾကးေပးရန္ မလိုေသာ္လည္း သီဆိုေဖ်ာ္ေျဖမႈမ်ား ပါဝင္သည့္ ဧရိယာအတြင္း ဝင္ေရာက္လိုပါက တစ္ဦးလွ်င္ တစ္ရက္စာ အတြက္ ဘတ္(၂၀၀) သတ္မွတ္ေကာက္ခံမည္ျဖစ္ေၾကာင္း သိရၿပီး ယခုႏွစ္တြင္ ယခင္ႏွစ္မ်ားထက္ ပို၍စည္ကားစြာ က်င္းပသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

“အခု လတ္တေလာ စာရင္းေပးထားတာကေတာ့ ဘရူႏုိင္း၊ အင္ဒို၊ မေလး၊ ထုိင္း၊ စကၤာပူ၊ ေလာ(လာအို) က လာမယ္။ ကေမၻာဒီးယားကေတာ့ လွမ္းေမးထားတာ ရိွတယ္။ လာ မလားေတာ့ မေသခ်ာေသးဘူး။ ျမန္မာႏုိင္ငံတစ္ႏုိင္ငံလံုးမွာ Bike Club ေတြ ရာနဲ႔ခ်ီရိွတယ္။ သူတို႔လည္း လာၾကမယ္။ ၿမိဳ႕ခံမပါဘဲ ထုိင္း (၆၀၀) ထုိင္း မဟုတ္တဲ့ အျခားႏုိင္ငံသားမ်ား (၆၀)ေလာက္ေတာ့ရိွမယ္။ ျမန္မာနဲ႔ထုိင္းဆိုရင္ (၁၀၀၀)ေက်ာ္ေလာက္ ရိွမယ္။ ဒီႏွစ္ေတာ့ ပိုၿပီးစည္စည္ ကားကားျဖစ္ေအာင္ စီစဥ္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club မွ အတြင္းေရးမွဴး ကိုေနာ္ခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၁၄)ရက္ေန႔တြင္ ဖြင့္ပြဲအခမ္းအနားတြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ပညာေပးအစီအစဥ္၊ ရွမ္းအဆိုေတာ္ စိုင္းဟန္လင္း၊ အဆိုေတာ္ သအို၊ ေဝလ၊ ဖိုးျပည့္ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔၏ သီဆိုေဖ်ာ္ေျဖမႈမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ညပိုင္းတြင္ က်င္းပမည့္ ေဒသ တာဝန္ရိွသူမ်ား၊ ႏုိင္ငံတကာမွ ဆုိင္ကယ္သမားမ်ားႏွင့္အတူ ဖြင့္ပြဲ ညစာ စားပြဲတြင္ ပါဝင္ဆင္ႏႊဲလိုသည့္ ၿမိဳ႕ခံမ်ားအတြက္ ညစာစားဝိုင္း (၆၀) ကိုေရာင္းခ်ေပးမည္ျဖစ္ၿပီး လူ(၈)ဦးစာ ညစာ စားဝိုင္း (၁)ဝိုင္းလွ်င္ ဘတ္ (၅,၀၀၀)ႏႈန္းျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ကာ ဝင္ေရာက္ လည္ပတ္ လိုသူမ်ား အေနျဖင့္ တစ္ဦးလွ်င္ ဘတ္(၂၀၀)ျဖင့္ ဝင္ေရာက္လည္ပတ္ႏုိင္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ မဲေခါင္ျမစ္ကမ္းသို႔ ဆိုင္ကယ္ကြန္ဘြိဳင္းျဖင့္ စီးနင္းျခင္း အစီအစဥ္တြင္ လုိက္ပါ လိုသည့္ၿမိဳ႕ခံမ်ား အေနျဖင့္ ႀကိဳတင္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရၿပီး မဲေခါင္ျမစ္ကမ္းရိွ အထက(ဝမ္ပုံ)တြင္ စုေပါင္းလွဴဒါန္းမႈမ်ား၊ လိုက္ပါလာသူမ်ားအား ေန႔လယ္စာေကၽြးေမြးျခင္းမ်ား ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ ခ်င္းမိုင္မွ နာမည္ေက်ာ္ Black Hawk အဖြဲ႕၊ Black Head ေတးဂီတ အဖြဲ႕၊ အဆိုေတာ္ အိုက္ထြန္းတို႔၏ ေဖ်ာ္ေျဖမႈမ်ား၊ ေကာင္းဘြိဳင္း ရႈိး၊ ရွမ္း႐ိုးရာ လမုန္း(လမ္း၀ုန္း)အကမ်ားျဖင့္ ေဖ်ာ္ေျဖမႈမ်ား၊ ဆိုင္ကယ္ကလပ္မ်ား မိတ္ဆက္ျခင္း ႏွင့္ လက္ေဆာင္ပစၥည္း လဲလွယ္ျခင္းမ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

[ ပံုမ်ားမွာ ၂၀၁၄ ခုႏွစ္ ၂၀၁၆ခုႏွစ္က တာခ်ီလိတ္တြင္ က်င္းပခဲ့သည့္ ပံုမ်ား ျဖစ္ပါသည္ ]

Tachileik News Agency
ဓါတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club က စီစဉ်သည့် တတိယ အကြိမ်မြောက် Tachileik Bike Week ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလအတွင်း (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲမှ ရရှိလာမည့် အကျိုးအမြတ်အားလုံးကို တာချီလိတ်မြို့နယ်အတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် Tachileik BIKE WEEK မှ ရရှိခဲ့သည့် အကျိုးအမြတ် ကျပ်သိန်း (၁၀၀)ထဲမှ တာချီလိတ်မြို့နယ်အတွက် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းငွေ ကျပ်သိန်း (၅၀)နှင့် ကျိုင်းတုံမြို့နယ်အတွင်းမှ မိဘမဲ့ ကလေးများကျောင်းများအတွက် ကျပ်သိန်း (၅၀)ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်း၌ (၂)ရက်တာ ကျင်းပမည့် အဆိုပါ ပွဲကာလအတွင်း ဆိုင်ခန်းများရှိသည့် ဧရိယာတွင် ဝင်ကြေးပေးရန် မလိုသော်လည်း သီဆိုဖျော်ဖြေမှုများ ပါဝင်သည့် ဧရိယာအတွင်း ဝင်ရောက်လိုပါက တစ်ဦးလျှင် တစ်ရက်စာ အတွက် ဘတ်(၂၀၀) သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း သိရပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ပို၍စည်ကားစွာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

“အခု လတ်တလော စာရင်းပေးထားတာကတော့ ဘရူနိုင်း၊ အင်ဒို၊ မလေး၊ ထိုင်း၊ စင်္ကာပူ၊ လော(လာအို) က လာမယ်။ ကမ္ဘောဒီးယားကတော့ လှမ်းမေးထားတာ ရှိတယ်။ လာ မလားတော့ မသေချာသေးဘူး။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ Bike Club တွေ ရာနဲ့ချီရှိတယ်။ သူတို့လည်း လာကြမယ်။ မြို့ခံမပါဘဲ ထိုင်း (၆၀၀) ထိုင်း မဟုတ်တဲ့ အခြားနိုင်ငံသားများ (၆၀)လောက်တော့ရှိမယ်။ မြန်မာနဲ့ထိုင်းဆိုရင် (၁၀၀၀)ကျော်လောက် ရှိမယ်။ ဒီနှစ်တော့ ပိုပြီးစည်စည် ကားကားဖြစ်အောင် စီစဉ်ထားပါတယ်”ဟု တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club မှ အတွင်းရေးမှူး ကိုနော်ခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးအစီအစဉ်၊ ရှမ်းအဆိုတော် စိုင်းဟန်လင်း၊ အဆိုတော် သအို၊ ဝေလ၊ ဖိုးပြည့်နှင့် ဖြူဖြူကျော်သိန်းတို့၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် ကျင်းပမည့် ဒေသ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ဆိုင်ကယ်သမားများနှင့်အတူ ဖွင့်ပွဲ ညစာ စားပွဲတွင် ပါဝင်ဆင်နွှဲလိုသည့် မြို့ခံများအတွက် ညစာစားဝိုင်း (၆၀) ကိုရောင်းချပေးမည်ဖြစ်ပြီး လူ(၈)ဦးစာ ညစာ စားဝိုင်း (၁)ဝိုင်းလျှင် ဘတ် (၅,ဝဝဝ)နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကာ ဝင်ရောက် လည်ပတ် လိုသူများ အနဖြေင့် တစ်ဦးလျှင် ဘတ်(၂၀၀)ဖြင့် ဝင်ရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မဲခေါင်မြစ်ကမ်းသို့ ဆိုင်ကယ်ကွန်ဘွိုင်းဖြင့် စီးနင်းခြင်း အစီအစဉ်တွင် လိုက်ပါ လိုသည့်မြို့ခံများ အနဖြေင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရပြီး မဲခေါင်မြစ်ကမ်းရှိ အထက(ဝမ်ပုံ)တွင် စုပေါင်းလှူဒါန်းမှုများ၊ လိုက်ပါလာသူများအား နေ့လယ်စာကျွေးမွေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ချင်းမိုင်မှ နာမည်ကျော် Black Hawk အဖွဲ့၊ Black Head တေးဂီတ အဖွဲ့၊ အဆိုတော် အိုက်ထွန်းတို့၏ ဖျော်ဖြေမှုများ၊ ကောင်းဘွိုင်း ရှိုး၊ ရှမ်းရိုးရာ လမုန်း(လမ်းဝုန်း)အကများဖြင့် ဖျော်ဖြေမှုများ၊ ဆိုင်ကယ်ကလပ်များ မိတ်ဆက်ခြင်း နှင့် လက်ဆောင်ပစ္စည်း လဲလှယ်ခြင်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

[ ပုံများမှာ ၂၀၁၄ ခုနှစ် ၂၀၁၆ခုနှစ်က တာချီလိတ်တွင် ကျင်းပခဲ့သည့် ပုံများ ဖြစ်ပါသည် ]

Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~