ယင်းနောက် ဝမ်ကောင်းရပ်ကွက်ရှိ ဇန်းမွန်အာခါ ဟိုတယ် အစည်းအဝေးခန်းမတွင် မေလ (၃၁)ရက်နေ့ ညနေ(၃)နာရီက မြန်မာ - ထိုင်း၊ မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်တစ်လျောက် နယ်နှစ်ဖက် ဒေသခံပြည်သူများ ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အဦများအား ပူးတွဲ ကြည့်ရှုခြင်းနှင့် ယင်းတို့အား ဖျက်သိမ်းနိုင်ရေး(Myanmar - Thailand - Meeting to Exchange Views on the Removal of the Encroached Structures along Mae Sai-Nan Ruak River Sector ) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေ ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်မှူးကြီး သိန်းအောင်စိုး၊ မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်လတ် နှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ုကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် H.E.Mr.Vasin Teeravechyan(Adviser to the Ministry Of Foreign Affairs)ပါ အဖွဲ့ဝင်(၁၂)ဦး၊ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ - ယာဆေး
နှစ်နိုင်ငံ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့သည် မယ်ဆိုင် - မယ်ဟောက်ချောင်းဘေးတွင် နှစ်နိုင်ငံမှ ဒေသခံပြည်သူများ ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦများအား မေလ (၃၁)ရက်နေ့တွင် ပူးတွဲကြည့်ရှု စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဆိုင်မြို့နယ်တွင် ကျူးကျော်နေအိမ် အဆောက်အဦး (၃၃)လုံး၊ မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်တွင် ကျူးကျော် နေအိမ်အဆောက်အဦး(၄၅)လုံး တို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝမ်ကောင်းရပ်ကွက်ရှိ ဇာန်းမွန်အာခါ ဟိုတယ် အစည်းအဝေးခန်းမတွင် မေလ (၃၁)ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ - ထိုင်း၊ မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်တစ်လျောက် နယ်နှစ်ဖက် ဒေသခံပြည်သူများ ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အဦများအား ပူးတွဲ ကြည့်ရှုခြင်းနှင့် ယင်းတို့အား ဖျက်သိမ်းနိုင်ရေး(Myanmar - Thailand - Meeting to Exchange Views on the Removal of the Encroached Structures along Mae Sai-Nan Ruak River Sector ) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝမ်ကောင်းရပ်ကွက်ရှိ ဇာန်းမွန်အာခါ ဟိုတယ် အစည်းအဝေးခန်းမတွင် မေလ (၃၁)ရက်နေ့ ညနေ(၃)နာရီက မြန်မာ - ထိုင်း၊ မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်တစ်လျောက် နယ်နှစ်ဖက် ဒေသခံပြည်သူများ ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အဦများအား ပူးတွဲ ကြည့်ရှုခြင်းနှင့် ယင်းတို့အား ဖျက်သိမ်းနိုင်ရေး(Myanmar - Thailand - Meeting to Exchange Views on the Removal of the Encroached Structures along Mae Sai-Nan Ruak River Sector ) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်နိမိတ် မဲဆိုင် - မဲဟောက် ချောင်းတစ်လျှောက်ရှိ ကျူးကျော် ဆောက်လုပ် အဆောက်အဦးများ ဖယ်ရှားရေး၊ မဲဆိုင် - မဲဟောက်ချောင်းအပိုင်း ရေအရင်းအမြစ်နှင့် ရေခွဲဝေအသုံးချရေး၊ မဲဆိုင်-မဲဟောက်ချောင်းတစ်လျောက်ရှိ နယ်နိမိတ်မှတ်တိုင်များ ပူးတွဲ စစ်ဆေးခဲ့ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။
ဓာတ်ပုံ - ယာဆေး