မိုင်းယုမြို့ရှိ မိုင်းလွေကျေးရွာတွင်း သစ်တောကြိုးဝိုင်းများအနက် ဧက(၁၅၀၀)တွင် သဘာဝမျိုးဆက်ထိန်းသိမ်းခြင်း ကွင်းဆင်း

မိုင်းယုမြို့ရှိ မိုင်းလွေကျေးရွာတွင်း သစ်တောကြိုးဝိုင်းများအနက် ဧက(၁၅၀၀)တွင် သဘာဝမျိုးဆက်ထိန်းသိမ်းခြင်း ကွင်းဆင်း
ဇနျနဝါရီ 18, 2018
By Tachileik News Agency


သဘာဝမျိုးဆက်ဧရိယာ (၁၅၀၀) ဧကအား (၀.၂၅) စံနမူနာကွက်များဖွဲ့၍ တန်ဖိုးရှိ ပါဝင်ပင်များ စာရင်းကောက်ယူ တိုင်းတာခြင်း၊ အပင်များ အောက်ခြေ ပေါင်းရှင်းခြင်း၊ ပင်ပူးခွာကိုင်းချိုင်ခြင်း၊ အပင်များပေါ်သို့ ရစ်ပတ် တွယ်ဆိုင်းနေသည့် နွယ်များအား ဖြတ်တောက်ခြင်း၊ ကျိုးပဲ့နေပြီး ပုံသဏ္ဍာန် မမှန်သည့် အပင်များအား ငုတ်အတက်များ ပြန်လည် ထွက်ရှိနိုင်စေရန် သစ်မျိုးများ ရွေးချယ် ငုတ်တက်ချွန်ခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်နိမိတ်ဘုတ်တိုင်များ စိုက်ထူခြင်း၊ သဘာဝမျိုးဆက်သစ်တောဝန်းအတွင်း မီးမဝင်စေရန် မီးတားလမ်း ဖောက်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မိုင်းယောင်းမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ် ဦးကျော်အောင်အောင် ဦးဆောင်သော ဝန်ထမ်းများနှင့် လုပ်သားအင်အား (၇၂) ဦးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ကိုနိုင်(MYu)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊မိုင်းယုမြို့၊ မိုင်းလွေကျေးရွာအုပ်စုတွင်း မိုင်းလွေကျေးရွာရှိ သစ်တောကြိုးဝိုင်း (၃၁၂၅၃) ဧကအနက်မှ ဧက (၁၅၀၀)တွင် သဘာဝမျိုးဆက် ထိန်းသိမ်းခြင်း လုပ်ငန်းများကို သစ်တောဦးစီးဌာနက ဇန်နဝါရီလ (၁၆)ရက်နေ့မှ စတင်၍ ကွင်းဆင်း ဆောင်ရွက် နေကြောင်း သိရသည်။

သဘာဝမျိုးဆက်ဧရိယာ (၁၅၀၀) ဧကအား (ဝ.၂၅) စံနမူနာကွက်များဖွဲ့၍ တန်ဖိုးရှိ ပါဝင်ပင်များ စာရင်းကောက်ယူ တိုင်းတာခြင်း၊ အပင်များ အောက်ခြေ ပေါင်းရှင်းခြင်း၊ ပင်ပူးခွာကိုင်းချိုင်ခြင်း၊ အပင်များပေါ်သို့ ရစ်ပတ် တွယ်ဆိုင်းနေသည့် နွယ်များအား ဖြတ်တောက်ခြင်း၊ ကျိုးပဲ့နပြေီး ပုံသဏ္ဍာန် မမှန်သည့် အပင်များအား ငုတ်အတက်များ ပြန်လည် ထွက်ရှိနိုင်စေရန် သစ်မျိုးများ ရွေးချယ် ငုတ်တက်ချွန်ခြင်းများ ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်နိမိတ်ဘုတ်တိုင်များ စိုက်ထူခြင်း၊ သဘာဝမျိုးဆက်သစ်တောဝန်းအတွင်း မီးမဝင်စေရန် မီးတားလမ်း ဖောက်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်များအား မိုင်းယောင်းမြို့နယ် သစ်တော ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ် ဦးကျော်အောင်အောင် ဦးဆောင်သော ဝန်ထမ်းများနှင့် လုပ်သားအင်အား (၇၂) ဦးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(ကြ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~