ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကေလာၿမိဳ႕မွ ရန္ကုန္အဆင္းလမ္းတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ညေနက တြဲကားတစ္စီး မေတာ္တဆျဖစ္၍ လမ္းပိတ္ဆို႔သြားရာမွ တာဝန္ရိွသူမ်ား ေျဖရွင္းေပးျခင္း မရိွသျဖင့္ အဆိုပါ လမ္းပိုင္းမွ ခရီးသည္တင္ယာဥ္မ်ား အပါအဝင္ ေမာ္ေတာ္ယာဥ္မ်ားမွ ခရီးသြားမ်ားမွာ လမ္းပိတ္ဆို႔သည့္ ေနရာတြင္ (၉)နာရီေက်ာ္ခန္႔ ေစာင့္ဆုိင္းခဲ့ရေၾကာင္း သိရသည္။
"ကေလာကေန (၂၄) ရက္ေန႔ည ႐ွစ္နာရီခြဲမွာ ရန္ကုန္ကို ဆင္းတ့ဲ ကားေတြဟာ (၂၅) ရက္ေန႔ မနက္အထိကို ကေလာ ဧရိယာျပင္ပကို မေရာက္ႏိုင္ခ့ဲဘူး။ ေတာင္အဆင္းလမ္း စားေသာက္ဆိုင္မ႐ွိ၊ အိမ္သာ မ႐ွိတ့ဲေနရာမွာ ခရီးသည္ေတြဟာ (၈) နာရီကေန (၉) နာရီ ေက်ာ္ၾကာ အလံုပိတ္ကားေတြေပၚ ထိုင္ရက္ပဲ။ ကေလာ ကေန ယင္းမာပင္ ေရာက္ဖို႔ အခ်ိန္ ၉ နာရီေက်ာ္ ပိတ္မိခ့ဲတယ္။ ကားေတြကလည္း မွန္လံုေတြကို စက္သတ္ၿပီး ေတာင္ေစာင္းေတြမွာ ရပ္ထားရေတာ့ အဲကြန္းမရ၊ အသက္႐ွဴၾကပ္၊ ညဘက္မွာဆိုေတာ့ ကားေအာက္လည္း ဆင္းေနလို႔မရ။ အသက္ႀကီးတဲ့သူေတြ၊ အမ်ိဳးသမီးေတြဆို ပိုဒုကၡေရာက္တယ္။ အမွန္က (၂၄)ရက္ေန႔ညေနက ကားအက္ဆီးဒင့္ျဖစ္ၿပီးကတည္းက အတက္ကားေတြကို ပိတ္ထားသင့္တာ"ဟု အဆိုပါလမ္းပိုင္းမွ ယာဥ္ေၾကာပိတ္ဆို႔ေနသည့္ ခရီးသည္တင္ယာဥ္မွ ခရီးသြားတစ္ဦးက ေျပာသည္။
ေတာင္အတက္အဆင္းလမ္းျဖစ္သည့္ အဆုိပါ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ယာဥ္မ်ား၊ ကုန္တင္ယာဥ္မ်ား၊ ဆီသယ္ယာဥ္မ်ား ပိတ္မိေနခဲ့ေသာ္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈအား ေျဖရွင္းေပးျခင္းမရိွေၾကာင္း သိရသည္။
သတင္း - ဇာႏွင္း
ဓါတ္ပံု #Myat Thandar Mg
"ကလောကနေ (၂၄) ရက်နေ့ည ရှစ်နာရီခွဲမှာ ရန်ကုန်ကို ဆင်းတဲ့ ကားတွေဟာ (၂၅) ရက်နေ့ မနက်အထိကို ကလော ဧရိယာပြင်ပကို မရောက်နိုင်ခဲ့ဘူး။ တောင်အဆင်းလမ်း စားသောက်ဆိုင်မရှိ၊ အိမ်သာ မရှိတဲ့နေရာမှာ ခရီးသည်တွေဟာ (၈) နာရီကနေ (၉) နာရီ ကျော်ကြာ အလုံပိတ်ကားတွေပေါ် ထိုင်ရက်ပဲ။ ကလော ကနေ ယင်းမာပင် ရောက်ဖို့ အချိန် ၉ နာရီကျော် ပိတ်မိခဲ့တယ်။ ကားတွေကလည်း မှန်လုံတွေကို စက်သတ်ပြီး တောင်စောင်းတွေမှာ ရပ်ထားရတော့ အဲကွန်းမရ၊ အသက်ရှူကြပ်၊ ညဘက်မှာဆိုတော့ ကားအောက်လည်း ဆင်းနေလို့မရ။ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီးတွေဆို ပိုဒုက္ခရောက်တယ်။ အမှန်က (၂၄)ရက်နေ့ညနေက ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက အတက်ကားတွေကို ပိတ်ထားသင့်တာ"ဟု အဆိုပါလမ်းပိုင်းမှ ယာဉ်ကြောပိတ်ဆို့နေသည့် ခရီးသည်တင်ယာဉ်မှ ခရီးသွားတစ်ဦးက ပြောသည်။
တောင်အတက်အဆင်းလမ်းဖြစ်သည့် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များ ပိတ်မိနေခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။
သတင်း - ဇာနှင်း
ဓာတ်ပုံ #Myat Thandar Mg