တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္

တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ေဒသတြင္းမွ ပညာသင္ႀကားရန္အခက္အခဲျဖစ္ေနေသာ အတန္းပညာထူးခြ်န္ေက်ာင္းသားမ်ားအား လစဥ္ပညာသင္ ေထာက္ပံ့ေၾကးေပးေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ပညာေရး ေဖာင္ေဒးရွင္းက ဒီဇင္ဘာ (၃)ရက္ေန႔တြင္ ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရွိ  ခန္းမေဆာင္၌  ပညာသင္ေထာက္ပံ့ေၾကးေငြေပးအပ္ပဲြ က်င္းပသည္။

တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းသည္ အလွဴရွင္မ်ား၏ ထည့္ဝင္ေငြျဖင့္ မေကြးေဆးတကၠသုိလ္မွ ေက်ာင္းသူတစ္ဦးအား ေငြက်ပ္(၃)သိန္း၊ နည္းပညာတကၠသုိလ္မွ ေက်ာင္းသားေက်ာင္းသူေလးဦး၊ တုိင္းရင္းသားဖံြ႕ၿဖဳိးေရးတကၠသုိလ္ တက္ေရာက္ေနသူတစ္ဦးႏွင့္ သူနာျပဳေကာလိပ္ တက္ေရာက္ေနသူ ႏွစ္ဦးအား ေငြက်ပ္ ေျခာက္ေသာင္းစီ၊ ပညာေရးေကာလိပ္တက္ေနသူတစ္ဦးအား ေငြက်ပ္တစ္သိန္း၊ အေျခခံပညာ တက္ေရာက္ေနသူ(၆)ဦးအား ေငြက်ပ္သံုးေသာင္းစီ လစဥ္ေထာက္ပံ့ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ပုံမွန္ဆိုရင္ ေက်ာင္းသားေတြကို ကၽြန္ေတာ္တို ့ ဘဏ္ကေနပဲလႊဲတယ္။ ဒီေန ့ ဒီလိုအခမ္းအနားပုံစံနဲ႔ က်င္းပရတာက အလွဴရွင္ေတြကိုလည္း ၾကည္ႏူးေစခ်င္တယ္။ ေက်ာင္းသားေတြလည္း တစ္ေယာက္ အခက္အခဲ တစ္ေယာက္ ကူညီေျဖရွင္းရင္းနဲ ့ အခ်င္းခ်င္း ရင္းႏွီးျပီး တစ္ေယာက္ကိုတစ္ေယာက္ ေစာင့္ေရွာက္ဖို ့အတြက္နဲ ့ (၁၀)တန္းေျဖဆိုမယ့္ကေလးေတြလည္းပါေတာ့ သူတုိ ့ကိုလည္း အားေပးစကားေျပာတဲ့ သေဘာနဲ ့ အခမ္းအနား က်င္းပလိုက္တာပါ။"ဟု တာခ်ီလိတ္ပညာေရး ေဖာင္ေဒးရွင္းမွ ဒုတိယဥကၠဌ(၂) ဦးသီလေက်ာ္ဆင့္က ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ နာယက ႏွင့္ အမႈေဆာင္အဖြဲ႔၀င္မ်ားက လုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈႏွင့္ ပညာသင္ေထာက္ပံ့ေၾကး ေထာက္ပံ့ေပးေနမႈတို႔ကို ရွင္းလင္းၿပီး ပညာသင္ေထာက္ပံ့ေၾကးေငြမ်ားကုိ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ မိဘမ်ား ထံ တာ၀န္ရွိသူမ်ားက ေပးအပ္သည္။

တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းအား ၂၀၁၅ခုႏွစ္ ဇြန္လတြင္ စတင္ဖဲြ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ဒေသတွင်းမှ ပညာသင်ကြားရန်အခက်အခဲဖြစ်နေသော အတန်းပညာထူးချွန်ကျောင်းသားများအား လစဉ်ပညာသင် ထောက်ပံ့ကြေးပေးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းက ဒီဇင်ဘာ (၃)ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခန်းမဆောင်၌ ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲ ကျင်းပသည်။

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းသည် အလှူရှင်များ၏ ထည့်ဝင်ငွဖြေင့် မကွေးဆေးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးအား ငွေကျပ်(၃)သိန်း၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူလေးဦး၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်နေသူတစ်ဦးနှင့် သူနာပြုကောလိပ် တက်ရောက်နေသူ နှစ်ဦးအား ငွေကျပ် ခြောက်သောင်းစီ၊ ပညာရေးကောလိပ်တက်နေသူတစ်ဦးအား ငွေကျပ်တစ်သိန်း၊ အခြေခံပညာ တက်ရောက်နေသူ(၆)ဦးအား ငွေကျပ်သုံးသောင်းစီ လစဉ်ထောက်ပံ့ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ပုံမှန်ဆိုရင် ကျောင်းသားတွေကို ကျွန်တော်တို့ ဘဏ်ကနေပဲလွှဲတယ်။ ဒီနေ့ ဒီလိုအခမ်းအနားပုံစံနဲ့ ကျင်းပရတာက အလှူရှင်တွေကိုလည်း ကြည်နူးစေချင်တယ်။ ကျောင်းသားတွေလည်း တစ်ယောက် အခက်အခဲ တစ်ယောက် ကူညီဖြေရှင်းရင်းနဲ့ အချင်းချင်း ရင်းနှီးပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ဖို့အတွက်နဲ့ (၁၀)တန်းဖြေဆိုမယ့်ကလေးတွေလည်းပါတော့ သူတို့ကိုလည်း အားပေးစကားပြောတဲ့ သဘောနဲ့ အခမ်းအနား ကျင်းပလိုက်တာပါ။"ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဌ(၂) ဦးသီလကျော်ဆင့်က ပြောသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ နာယက နှင့် အမှုဆောင်အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးနေမှုတို့ကို ရှင်းလင်းပြီး ပညာသင်ထောက်ပံ့ကြေးငွေများကို ကျောင်းသားကျောင်းသူများနှင့် မိဘများ ထံ တာဝန်ရှိသူများက ပေးအပ်သည်။

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား ၂၀၁၅ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~