ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ပါတီ ၾကားျဖတ္ေရြးေကာက္ပြဲ မဝင္ႏုိင္

ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ပါတီ ၾကားျဖတ္ေရြးေကာက္ပြဲ မဝင္ႏုိင္
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕အေျခစိုက္ ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ ပါတီတြင္ ပါတီ၀င္အင္အားမရိွသည့္အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့ ပါတီအေနနဲ ့ လာမယ့္ၾကားျဖတ္ေရြးေကာက္ပြဲမွာ ၀င္ၿပိဳင္ဖို ့ ပါတီ၀င္အင္အား မရိွတဲ့ အတြက္ ၀င္မၿပိဳင္ေတာ့ပါဘူး။ ေကာ္မရွင္ကိုလည္း တင္ျပထားၿပီးပါၿပီ။ အလုပ္အမႈေဆာင္ကလည္း (၁၅)ေယာက္ရိွတယ္"ဟု ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ပါတီ ဥကၠဌ ဦးစိုင္းေဟာင္ခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပါတီမွအလုပ္အမႈေဆာင္အခ်ိဳ ့မွာ အျခားပါတီမ်ားသို ့ ကူးေျပာင္းသြားခဲ့ၾကသည့္အတြက္ ပါတီတြင္ လူအင္အား နည္းေနသျဖင့္ အလုပ္အမႈေဆာင္မ်ားကို ျပန္လည္ေရြးခ်ယ္တင္ေျမႇာက္ကာ ပါတီ၀င္အင္အား ျပန္လည္ျဖည့္တင္းၿပီးမွ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ ေရြးေကာက္ပြဲတြင္ ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ပါတီက က်ိဳင္းတုံ၊ မိုင္းယန္းႏွင့္ မိုင္းခတ္ ၿမိဳ ့မ်ားတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ေအာင္ႏိုင္ျခင္းမရိွခဲ့ေၾကာင္းသိရသည္။

"လက္ရိွမွာေတာ့ ရွမ္းျပည္နယ္အေရွ ့ပိုင္း ဖြံ ့ၿဖိဳးတိုးတက္ေရး ဒီမိုကရက္တစ္ပါတီက ဒီၾကားျဖတ္ ေရြးေကာက္ပြဲမွာ ၀င္မျပိဳင္ေတာ့ဘူးဆိုၿပီး စာတင္ထားပါတယ္။ အခုက သက္ဆိုင္ရာပါတီေတြက ၀င္ၿပိဳင္ဖို ့အတြက္ အမည္စာရင္းတင္သြင္းတဲ့ကာလဆိုေတာ့ ဘယ္ပါတီေတြက ၀င္ျပိဳင္ၾကမယ္ဆိုတာကို ေျပာလို ့မရေသးပါဘူး။ ကၽြန္ေတာ့္အထင္ေတာ့ (၆)ပါတီေလာက္ပဲ ၀င္ၿပိဳင္မယ္ထင္ပါတယ္"ဟု က်ိဳင္းတုံခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္အရာရိွ ဦးေက်ာ္မိုးက ေျပာသည္။

က်ိဳင္းတုံၿမိဳ ့တြင္ ၂၀၁၅ ခုႏွစ္က က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ ပါတီ(၁၁)ခု ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး လာမည့္ ဧၿပီလတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ အမွတ္(၂) မဲဆႏၵနယ္အတြက္ က်င္းပမည့္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္မူ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္၊ ျပည္ေထာင္စု ၾကံ ့ခိုင္ေရးႏွင့္ ဖြံ ့ၿဖိဳးေရးပါတီ၊ အာခါအမ်ိဳးသားဖြံ ့ျဖိဳးတိုးတက္ေရးပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီ စသည့္ ပါတီ(၆)ခုခန္ ့သာ ၀င္ေရာက္ ယွဥ္ၿပိဳင္ဖြယ္ရိွသည္ဟု က်ိဳင္းတုံၿမိဳ ့ရိွ ႏိုင္ငံေရးပါတီမ်ားမွ ခန္ ့မွန္းထားၾကသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီတွင် ပါတီဝင်အင်အားမရှိသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပါတီအနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါတီဝင်အင်အား မရှိတဲ့အတွက် ဝင်မပြိုင်တော့ပါဘူး။ ကော်မရှင်ကိုလည်း တင်ပြထားပြီးပါပြီ။ အလုပ်အမှုဆောင်ကလည်း (၁၅)ယောက်ရှိတယ်"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းဟောင်ခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပါတီမှအလုပ်အမှုဆောင်အချို့မှာ အခြားပါတီများသို့ ကူးပြောင်းသွားခဲ့ကြသည့်အတွက် ပါတီတွင် လူအင်အား နည်းနေသဖြင့် အလုပ်အမှုဆောင်များကို ပြန်လည်ရွေးချယ်တင်မြှောက်ကာ ပါတီဝင်အင်အား ပြန်လည်ဖြည့်တင်းပြီးမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ကျိုင်းတုံ၊ မိုင်းယန်းနှင့် မိုင်းခတ် မြို့များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

"လက်ရှိမှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘူးဆိုပြီး စာတင်ထားပါတယ်။ အခုက သက်ဆိုင်ရာပါတီတွေက ဝင်ပြိုင်ဖို့အတွက် အမည်စာရင်းတင်သွင်းတဲ့ကာလဆိုတော့ ဘယ်ပါတီတွေက ဝင်ပြိုင်ကြမယ်ဆိုတာကို ပြောလို့မရသေးပါဘူး။ ကျွန်တော့်အထင်တော့ (၆)ပါတီလောက်ပဲ ဝင်ပြိုင်မယ်ထင်ပါတယ်"ဟု ကျိုင်းတုံခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်မိုးက ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီ(၁၁)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လာမည့် ဧပြီလတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) မဲဆန္ဒနယ်အတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စသည့် ပါတီ(၆)ခုခန့်သာ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ကျိုင်းတုံမြို့ရှိ နိုင်ငံရေးပါတီများမှ ခန့်မှန်းထားကြသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~