ရှမ်းပြည်နယ် လွှတ်တော်အဆောက်အဦးသစ် တည်ဆောက်ရန် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အိမ်တော်လမ်း၊ လွှတ်တော်ရုံးဟောင်းအနီးတွင် ဒီဇင်ဘာလ (၄) ရက် နံနက်ပိုင်းက ပန္နက်တင်အခမ်းအနားကို ကျင်းပသည်။
သတင်း/ဓာတ်ပုံ - နိုနို
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယ ဥက္ကဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ဝင်းမင်းထွန်း၊ ဗမာတိုင်းရင်းသား ဝန်ကြီး ဦးအောင်သန်းမောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း နှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့ အပါအဝင် ဌာနဆိုင်ရာများမှ စုစုပေါင်း ဦးရေ (၂၀၀) ခန့် ပန္နက်တော်အခမ်းအနားသို့ တက်ရောကခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - နိုနို