စကုၿမိဳ႕နယ္ ယာကြင္းေရကန္ေဟာင္းအတြင္းမွ ဒလက္ပါ ဗံုးသီးအေဟာင္းတစ္လံုး ေတြ႔ရိွ

စကုၿမိဳ႕နယ္ ယာကြင္းေရကန္ေဟာင္းအတြင္းမွ ဒလက္ပါ ဗံုးသီးအေဟာင္းတစ္လံုး ေတြ႔ရိွ
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မင္းဘူးခရိုင္ မင္းဘူး၊ စကုၿမိဳ႕နယ္ ေပကုန္းေက်းရြာေတာင္ဘက္ရိွ ယာကြင္း ေရကန္ေဟာင္း အတြင္းမွ ဗံုးသီးအေဟာင္းတစ္လံုးကို ဒီဇင္ဘာ (၄) ရက္ေန႔က ေတြ႔ရိွေၾကာင္း စကုနယ္ေျမရဲစခန္းမွ သိရသည္။

ေပကုန္းေက်းရြာေတာင္ဘက္ ဦးပု(ခ)ဦးသန္းဝင္းပိုင္ယာကြင္းအတြင္းရိွ ေရကန္ေဟာင္းအတြင္းမွ အဆို ပါဗံုးသီးအား ေပကုန္းေက်းရြာမွ မဇင္မာျမင္႔က ဒီဇင္ဘာ ၄ ရက္ ညေန ၄ နာရီ အခ်ိန္ခန္႔တြင္ ေတြ႔ရိွခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးစိုးတင့္က တစ္ဆင့္စကုနယ္ေျမရဲစခန္းကို အေၾကာင္းၾကားလိုက္လို႔ ဗံုးသီးကို လာသိမ္းယူသြားၾကပါၿပီ”ဟု ေပကုန္းေက်းရြာေနသူတစ္ဦးက ေျပာသည္။

ဗံုးသီးေတြ႔ရိွေၾကာင္း သတင္းအရ စကုနယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္မ်ိဳးေဝဦးႏွင္႔ရဲ တပ္ ဖဲြ႔ဝင္မ်ား သတင္းေပးေနရာသို႔ သြားေရာက္စစ္ေဆးရာ အရွည္ ၇ လကၼ၊ လံုးပတ္ ၂လကၼခန္႔ရိွ ဒလက္ပါ ဗံုးသီးကိုေတြ႔ရိွရ၍ စကုၿမိဳ႕ ခလရ(၁၀)သို႔ ဆက္သြယ္သတင္းေပးပို႔ခဲ႔သျဖင္႔ ခလရ(၁၀)မွ တပ္ေထာက္ဗိုလ္ ႀကီး လိႈင္ကိုဝင္းႏွင္႔အဖဲြ႔မွ လာေရာက္စစ္ေဆးခဲ႔ျခင္းျဖစ္သည္။

အဆိုပါ ဗံုးသီးမွာ ၄၀ မမ ဗံုးသီးျဖစ္ၿပီး အသက္မရိွဟုခန္႔မွန္းေၾကာင္းႏွင့္ ဗံုးသီးကိုဖ်က္ဆီးရန္ ခလရ(၁၀)သို႔ သယ္ေဆာင္သြားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး၊ စကုမြို့နယ် ပေကုန်းကျေးရွာတောင်ဘက်ရှိ ယာကွင်း ရေကန်ဟောင်း အတွင်းမှ ဗုံးသီးအဟောင်းတစ်လုံးကို ဒီဇင်ဘာ (၄) ရက်နေ့က တွေ့ရှိကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။

ပေကုန်းကျေးရွာတောင်ဘက် ဦးပု(ခ)ဦးသန်းဝင်းပိုင်ယာကွင်းအတွင်းရှိ ရေကန်ဟောင်းအတွင်းမှ အဆို ပါဗုံးသီးအား ပေကုန်းကျေးရွာမှ မဇင်မာမြင့်က ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က တစ်ဆင့်စကုနယ်မြေရဲစခန်းကို အကြောင်းကြားလိုက်လို့ ဗုံးသီးကို လာသိမ်းယူသွားကြပါပြီ”ဟု ပေကုန်းကျေးရွာနေသူတစ်ဦးက ပြောသည်။

ဗုံးသီးတွေ့ရှိကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးဝေဦးနှင့်ရဲ တပ် ဖွဲ့ဝင်များ သတင်းပေးနေရာသို့ သွားရောက်စစ်ဆေးရာ အရှည် ၇ လက္မ၊ လုံးပတ် ၂လက္မခန့်ရှိ ဒလက်ပါ ဗုံးသီးကိုတွေ့ရှိရ၍ စကုမြို့ ခလရ(၁၀)သို့ ဆက်သွယ်သတင်းပေးပို့ခဲ့သဖြင့် ခလရ(၁၀)မှ တပ်ထောက်ဗိုလ် ကြီး လှိုင်ကိုဝင်းနှင့်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးသီးမှာ ၄၀ မမ ဗုံးသီးဖြစ်ပြီး အသက်မရှိဟုခန့်မှန်းကြောင်းနှင့် ဗုံးသီးကိုဖျက်ဆီးရန် ခလရ(၁၀)သို့ သယ်ဆောင်သွားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~