ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝး ဒီဇင္ဘာလ(၅)ရက္ေန႔တြင္ က်င္းပမည္

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝး ဒီဇင္ဘာလ(၅)ရက္ေန႔တြင္ က်င္းပမည္
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အေရးေပၚ အစည္းအေဝးအား ဒီဇင္ဘာလ (၅) ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔လည္း ဘာအေၾကာင္းအရာေဆြးေႏြးမယ္ဆိုတာေတာ့ ေသခ်ာမေျပာတတ္ဘူး။ ဘတ္ဂ်က္အတြက္ေတာ့ အဓိကထားေဆြးေႏြးမွာေနမွာပါ။ အရင္လိုလုပ္တဲ့ပံုစံအတိုင္း အစည္းအေဝး ျပဳလုပ္တာပါပဲ” ဟု တာခ်ီလိတ္မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ က ေျပာသည္။

အဆိုပါ အေရးေပၚအစည္းအေဝးအား ဒီဇင္ဘာလ (၅) ရက္မွ (၇) ရက္အထိ က်င္းပမည္ျဖစ္ၿပီး ဘတ္ဂ်က္ကိစၥ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ရြာငံမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းစိုးထံမွ သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးအား ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဘာအကြောင်းအရာဆွေးနွေးမယ်ဆိုတာတော့ သေချာမပြောတတ်ဘူး။ ဘတ်ဂျက်အတွက်တော့ အဓိကထားဆွေးနွေးမှာနေမှာပါ။ အရင်လိုလုပ်တဲ့ပုံစံအတိုင်း အစည်းအဝေး ပြုလုပ်တာပါပဲ” ဟု တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် က ပြောသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးအား ဒီဇင်ဘာလ (၅) ရက်မှ (၇) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘတ်ဂျက်ကိစ္စ ဆွေးနွေးမည်ဖြစ်ကြောင်း ရွာငံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~