မိုင္းျဖတ္ၿမိဳ႕တြင္ ကုန္စည္ျပပြဲႏွင့္ အထူးေစ်းေရာင္းပြဲေတာ္က်င္းပ

မိုင္းျဖတ္ၿမိဳ႕တြင္ ကုန္စည္ျပပြဲႏွင့္ အထူးေစ်းေရာင္းပြဲေတာ္က်င္းပ
ဒီဇင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ(၄)ရက္ေန႔ ညေနပိုင္းမွစတင္၍ ပုဂၢလိကကုမၸဏီတစ္ခု၏ ကုန္စည္ျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္ က်င္းပလွ်က္ရွိသည္။

"ကြ်န္ေတာ္တို႔ ႏိုင္ေဝယံေအာင္ကုမၸဏီ အေနနဲ႔ နယ္လွည့္ၿပီးေတာ့ ကုန္စည္ျပပြဲနဲ႔ ေစ်းေရာင္းပြဲေတာ္ေတြကို ျပဳလုပ္ေပးေနတာပါ။ ၿမိဳ႕ေတြမွာလည္း ေပ်ာ္ပြဲ ရႊင္ပြဲ တစ္ခုျဖစ္ေအာင္လို႔ပါ " ဟု ႏိုင္ေဝယံေအာင္ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ကုန္စည္ျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္တြင္ စားေသာက္စရာမ်ဳိးစံု၊ အဝတ္အထည္မ်ား၊ အိမ္အသံုးအေဆာင္ပစၥည္းမ်ိဳးစံု၊ ကေလးမ်ားအတြက္ ကစားနည္းမ်ဳိးစံုပါဝင္ၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ကုန္စည္ျပပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္အား ဒီဇင္ဘာ လ ၁၁ ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် ဒီဇင်ဘာလ(၄)ရက်နေ့ ညနေပိုင်းမှစတင်၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပလျှက်ရှိသည်။

"ကျွန်တော်တို့ နိုင်ဝေယံအောင်ကုမ္ပဏီ အနေနဲ့ နယ်လှည့်ပြီးတော့ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်တွေကို ပြုလုပ်ပေးနေတာပါ။ မြို့တွေမှာလည်း ပျော်ပွဲ ရွှင်ပွဲ တစ်ခုဖြစ်အောင်လို့ပါ " ဟု နိုင်ဝေယံအောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် စားသောက်စရာမျိုးစုံ၊ အဝတ်အထည်များ၊ အိမ်အသုံးအဆောင်ပစ္စည်းမျိုးစုံ၊ ကလေးများအတွက် ကစားနည်းမျိုးစုံပါဝင်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာ လ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~