MLM စနစ်လုပ်ဆောင်မှုများအား တည်ဆဲ ဥပဒေများအရ အရေးယူမည်

MLM စနစ်လုပ်ဆောင်မှုများအား တည်ဆဲ ဥပဒေများအရ အရေးယူမည်
ဒီဇငျဘာ 8, 2016
By Tachileik News Agency

Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း)ကို စုံစမ်းဖော်ထုတ်နေပြီး အရေးပေါ် စီမံမှုအ က်ဥပဒေအပြင် တည်ဆဲဥပဒေများအရလည်း အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားလိုက်သည်။

“MLM စနစ်ဖြင့် ဆောင်ရွက်နေမှုများအား ယခင်အရေးပေါ် စီမံမှုအက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သည့် အပြင် ယခုအချိန်တွင်လည်း ဆက်လက်စုံစမ်း ဖော်ထုတ်လျှက်ရှိပါကြောင်း၊ MLM နှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုများ ရှိခြင်းတို့ဖြစ်ပါက စိစစ်ပေါ်ပေါက်ချက်အပေါ်မူတည်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေစသည့် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း “ဗိုလ်ချုပ် အောင်စိုးက ဖြေကြားသည်။

ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး က Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း) ကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း)ကို စုံစမ်းဖော်ထုတ်နပြေီး အရေးပေါ် စီမံမှုအ က်ဥပဒေအပြင် တည်ဆဲဥပဒေများအရလည်း အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြကြေားလိုက်သည်။

“MLM စနစ်ဖြင့် ဆောင်ရွက်နေမှုများအား ယခင်အရေးပေါ် စီမံမှုအက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သည့် အပြင် ယခုအချိန်တွင်လည်း ဆက်လက်စုံစမ်း ဖော်ထုတ်လျှက်ရှိပါကြောင်း၊ MLM နှင့် စပ်လျဉ်းသည့် ဥပဒပြေဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုများ ရှိခြင်းတို့ဖြစ်ပါက စိစစ်ပေါ်ပေါက်ချက်အပေါ်မူတည်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေစသည့် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း “ဗိုလ်ချုပ် အောင်စိုးက ဖြကြေားသည်။

ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး က Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း) ကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြကြေားလိုက်ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Multi-Level Marketing (MLM) စနစ်ဖြင့် လေသန့်ဆေးနှင့် ဖြည့်စွက်အစားအစာတို့ ဖြန့်ဖြူးရောင်းချခဲ့သော ပြည်တွင်း ကုမ္ပဏီ ၂ ခု၊ ပြည်ပ ကုမ္ပဏီ ၁ ခုတို့ကို အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆေး ဖော်ထုတ် အရေးယူခဲ့ပြီး အဆိုပါ ကုမ္ပဏီ သုံးခုကို အမည်ပျက်စာရင်းရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~