ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရမည်းသင်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ်သုံးဦး ပြောင်းလဲကြောင်း သိရသည်။
ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၇၆) ဦး အနက် (၇၅) ဦးတက်ရောက်ခဲ့ပြီး ပြောင်းလဲလိုက်သော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ကတိသစ္စာပြုခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။
အရပ်သားကိုယ်စားလှယ်မှာ ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် မညီသည့် လုပ်ဆောင်မှုများကြောင့် ပြောင်းလဲခံရခြင်းဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်နှစ်ဦးမှာ အလှည့်ကျစနစ်ဖြစ်သောကြောင့် ပြောင်းလဲခြင်းဖြစ်ကြောင်းသိရသည်။
“အရင်ကိုယ်စားလှယ်က ဘာသာရေး၊ လူမျိုးကို အသုံးချပြီးမဲဆွယ်တော့ တရားမဲ့ပြုကျင့် တယ်လို့ သတ်မှတ်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့မညီလို့ကန့်ကွက်လွှာတင်ခဲ့တယ်။ ပုဒ်မအရဆိုရင်တော့ (၆၆ဋ)ပါ။ အခုလိုမျိုးဖြစ်ရင် ဒုတိယမဲ အများဆုံးကို အနိုင်ပေးရပါတယ်”ဟု ရမည်းသင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ဆိုသည်။
ပြောင်းလဲလိုက်သည့် ကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရမည်းသင်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်မျိုးဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂)ဦးဖြစ်သည့် ဗိုလ်မှူးခင်မောင်မြင့်နှင့် ဗိုလ်မှူးစိုးမြင့်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအေဝး ပထမနေ့တွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၇၆) ဦး အနက် (၇၅) ဦးတက်ရောက်ခဲ့ပြီး ပြောင်းလဲလိုက်သော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ကတိသစ္စာပြုခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်