တာချီလိတ်မြို့တွင် ဒုတိယအကြိမ်အဖြစ် ပရဟိတကလေးများ ရန်ပုံငွေအတွက် Eastern Eagle MC မှ ကြီးမှူး၍ နိုင်ငံတကာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲအား (၂)ရက်တိတိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲအတွက် လုံခြုံရေးဆိုင်ရာများ၊ ပွဲတွင်းကျင်းပမည့် အစီအစဉ်များ ၊ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၅)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Eastern Eagle MC အဖွဲ့တို့ တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တာချီလိတ်၌ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ပွဲတော်၏ ဖွင့်ပွဲနေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် ပွဲတော်အတွင်း KAWASAKI မော်တော်ဆိုင်ကယ် ကုမ္ပဏီမှ ဆိုင်ကယ်ကြော်ငြာသည့် အစီအစဉ်များ တင်ဆက်ခြင်း၊ မြန်မာ၊ ထိုင်း၊ ရှမ်း အဆိုတော်များမှ သီဆိုဖျော်ဖြေခြင်းများအပြင် ဆိုင်ကယ်စီး ကျွမ်းကျင်မှု ပြသခြင်း စသည့် အစီအစဉ်များစွာနှင့် ပတ်သက်၍ ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Eastern Eagle MC အဖွဲ့ မှ ရှင်းလင်းတင်ပြသည်။
Eastern Eagle MC အဖွဲ့မှ အဆိုပါ ပွဲတော်အတွက် လူတစ်ဦးလျှင် ၀င်ကြေး(၃၀၀)ဘတ်နှုန်းဖြင့် လက်မှတ်များကို ကြိုတင်ရောင်းချပေးနေလျှက်ရှိရာ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မြန်မာအဆိုတော်များမှ သီဆိုဖျော်ဖြေကြမှာဖြစ်ပြီး ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံမှ အဆိုတော်များ လာရောက်၍ သီဆိုဖျော်ဖြေကြမှာ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တာချီလိတ်၌ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ပွဲတော်၏ ဖွင့်ပွဲနေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် ပွဲတော်အတွင်း KAWASAKI မော်တော်ဆိုင်ကယ် ကုမ္ပဏီမှ ဆိုင်ကယ်ကြော်ငြာသည့် အစီအစဉ်များ တင်ဆက်ခြင်း၊ မြန်မာ၊ ထိုင်း၊ ရှမ်း အဆိုတော်များမှ သီဆိုဖျော်ဖြခြေင်းများအပြင် ဆိုင်ကယ်စီး ကျွမ်းကျင်မှု ပြသခြင်း စသည့် အစီအစဉ်များစွာနှင့် ပတ်သက်၍ ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Eastern Eagle MC အဖွဲ့ မှ ရှင်းလင်းတင်ပြသည်။
နိုင်ငံတကာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ ကျင်းပနေစဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် အားကစားရုံလမ်းမှ ဝင်ပြီး၊ ရွှေတိဂုံစေတီတော်ခြေရင်းလမ်းမှ တာချီလိတ်မြို့ အထက်တန်းကျောင်းဘေးအထိ ပတ်လမ်းအား တစ်လမ်းမောင်းအဖြစ် သတ်မှတ်ဆောင်ရွက်သွားရေးနှင့် ပွဲတော်အတွင်း လုံခြုံမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌ ဦးထွန်းဝင်းအောင် နှင့် ကော်မတီဝင်များ၊ Eastern Eagle MC အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။
Eastern Eagle MC အဖွဲ့မှ ပွဲတော်အတွင်း ရရှိလာမည့် အကျိုးအမြတ်များအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းရှိ မိဘမဲ့ဂေဟာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Eastern Eagle MC အဖွဲ့မှ အဆိုပါ ပွဲတော်အတွက် လူတစ်ဦးလျှင် ဝင်ကြေး(၃၀၀)ဘတ်နှုန်းဖြင့် လက်မှတ်များကို ကြိုတင်ရောင်းချပေးနေလျှက်ရှိရာ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မြန်မာအဆိုတော်များမှ သီဆိုဖျော်ဖြကြေမှာဖြစ်ပြီး ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ထိုင်းနိုင်ငံမှ အဆိုတော်များ လာရောက်၍ သီဆိုဖျော်ဖြကြေမှာ ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်ခရိုင် ထွေ/အုပ်