ကိုဖီအာနန္ ဦးေဆာင္သည့္ ေကာ္မရွင္အဖြဲ႔ ေမာင္ေတာသို႔ ေရာက္ရွိ ေလ့လာ

ကိုဖီအာနန္ ဦးေဆာင္သည့္ ေကာ္မရွင္အဖြဲ႔ ေမာင္ေတာသို႔ ေရာက္ရွိ ေလ့လာ
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ ဥကၠ႒ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ကိုဖီအာနန္ ဦးေဆာင္ ေကာ္မရွင္အဖြဲ႕သည္ ဒီဇင္ဘာလ(၃)ရက္ေန႔တြင္ ရခိုင္ျပည္နယ္ ေမာင္ေတာႏွင့္ ဘူးသီးေတာင္သို႔ ေရာက္ရွိၿပီး ကြင္းဆင္းေလ့လာမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

"ဝပိတ္၊ ၾကက္႐ိုးျပင္နဲ႔ ေရႊဘိုရြာေတြကို လာေရာက္ ကြင္းဆင္းၾကည့္ရႈၿပီးေတာ့ ႏွစ္ဖက္ အသိုင္းအ၀ိုင္းေတြကိုေတြ႕ၿပီး သူတို႔ လိုအပ္တာေတြကို ေမးတာေတြ လုပ္ပါတယ္။ ၿပီးေတာ့ ထြက္ခြာသြားၿပီး ဟိုမွာလည္း အခုလိုပဲ ကြင္းဆင္းၾကည့္ရႈတာေတြ လိုအပ္တာေတြ ေမးတယ္လို႔ သိရတယ္"ဟု ေမာင္ေတာခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲထူးက ေျပာသည္။

ရခိုင္ျပည္နယ္အတြင္း ပဋိပကၡျဖစ္ပြားရာ ေဒသမ်ားသို႔ ကြင္းဆင္းၾကည့္ရႈေနသည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္အဖြဲ႔ႏွင့္အတူ ရခုိင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပု ႏွင့္ ျပည္နယ္၀န္ႀကီးမ်ား၊ ေဒသအုပ္ခ်ဳပ္ေရးတာ၀န္ရွိသူမ်ား လိုက္ပါကာ ေဒသခံမ်ားအား ေတြ႔ဆံုေမးျမန္းမႈမ်ား လုပ္ေဆာင္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ရန္ေအး


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင် ကော်မရှင်အဖွဲ့သည် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ရောက်ရှိပြီး ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကြောင်း သိရသည်။

"ဝပိတ်၊ ကြက်ရိုးပြင်နဲ့ ရွှေဘိုရွာတွေကို လာရောက် ကွင်းဆင်းကြည့်ရှုပြီးတော့ နှစ်ဖက် အသိုင်းအဝိုင်းတွေကိုတွေ့ပြီး သူတို့ လိုအပ်တာတွေကို မေးတာတွေ လုပ်ပါတယ်။ ပြီးတော့ ထွက်ခွာသွားပြီး ဟိုမှာလည်း အခုလိုပဲ ကွင်းဆင်းကြည့်ရှုတာတွေ လိုအပ်တာတွေ မေးတယ်လို့ သိရတယ်"ဟု မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ကွင်းဆင်းကြည့်ရှုနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်ဝန်ကြီးများ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများ လိုက်ပါကာ ဒေသခံများအား တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရန်အေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~