ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း ဓါတ်အားခွဲရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်၍ ဒီဇင်ဘာလ (၄) ရက်နေ့တွင် နံနက် (၁၀)နာရီမှ ညနေ (၃)နာရီအထိ ဓါတ်အားခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း တောင်ကြီးမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက အသိပေးထားသည်။
ဒီဇင်ဘာလ (၄) ရက်နေ့တွင် တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ စဝ်စံထွန်းရပ်ကွက်၊ ညောင်ဖြူစခန်း ရပ်ကွက်၊ ဘုရားဖြူရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ သစ်တောရပ်ကွက်၊ မြို့မရပ်ကွက်များ၊ ဓာတ်ဆီဆိုင်တန်း၊ နောင်လေအုပ်စု၊ ကားကြီးကွင်းများတွင် ခေတ္တဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။