ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕တြင္ ကားဘက္ထရီခိုးခံရမႈမ်ား မၾကာခဏျဖစ္ပြားေနေသာ္လည္း ရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားျခင္း မရိွေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"ကြ်န္ေတာ္ကေတာ့ ႏွစ္ႀကိမ္အခိုးခံရတယ္၊ တစ္ႀကိမ္မွာ ကားႏွစ္စီးလံုးက ဘက္ထရီႏွစ္လံုးပါသြားတာ။ အဲဒီတုန္းက ကားမွန္ရိုက္ခြဲတာေတာ့ မဟုတ္ဘူး။ ကားတံခါး ေလာ့မခ်ထားေတာ့ တံခါးဖြင့္ၿပီးယူသြားတာ"ဟု ကားဘက္ထရီအခိုးခံလိုက္ရသည့္ လူမႈကူညီေရးအသင္း၀င္တစ္ဦးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္လမ္းမေဘးတြင္ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္၏ ကားမွန္အား ရိုက္ခြဲကာ ကားဘက္ထရီခိုးယူမႈ ဒီဇင္ဘာလ(၃)ရက္ေန႔ နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။
"ကြ်န္မကေတာ့ (၃)ႀကိမ္ေတာင္ ကားဘက္ထရီ ခိုးခံရတယ္။ ဆန္ဆိုင္းေစ်းထဲမွာ တစ္ခါ၊ အိမ္ေရွ႕မွာ (၂)ခါ၊ ညပိုင္းပဲ ခိုးခံရတာ။ ဆန္ဆိုင္းေစ်းထဲမွာေတာ့ ကားမွန္ရိုက္ခြဲၿပီး ကားဘက္ထရီခိုးတာ။ ဘက္ထရီခိုးရတာနဲ႔ ပတ္သက္လို႔ေတာ့ ရဲစခန္းေတာ့ မတိုင္ျဖစ္ပါဘူး"ဟု မကာဟိုခမ္းရပ္ကြက္ေန အမ်ဳိးသမီးတစ္ဦးက ေျပာသည္။
ကားဘက္ထရီခိုးယူသူမ်ားသည္ ကားေရွ႕ဖံုးဖြင့္ႏိုင္ရန္အတြက္ ကားတံခါးမွန္အား ရိုက္ခြဲကာ ကားအတြင္းမွ ခလုတ္ကုိ ႏွိပ္၍ ကားေရွ႕ဖံုးဖြင့္ျပီးခိုးယူၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ကားဘက္ထရီခိုးခံရျခင္းမ်ားနည္းတူ အေသးစားခိုးမႈမ်ား မၾကာခဏျဖစ္ပြားေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဓာတ္ပံု။ ။ Yar Bo Shee ၊ Ko Hla Moe
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ကားဘက်ထရီခိုးခံရမှုများ မကြာခဏဖြစ်ပွားနေသော်လည်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
"ကျွန်တော်ကတော့ နှစ်ကြိမ်အခိုးခံရတယ်၊ တစ်ကြိမ်မှာ ကားနှစ်စီးလုံးက ဘက်ထရီနှစ်လုံးပါသွားတာ။ အဲဒီတုန်းက ကားမှန်ရိုက်ခွဲတာတော့ မဟုတ်ဘူး။ ကားတံခါး လော့မချထားတော့ တံခါးဖွင့်ပြီးယူသွားတာ"ဟု ကားဘက်ထရီအခိုးခံလိုက်ရသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
တာချီလိတ်မြို့လယ် ဗိုလ်ချုပ်လမ်းမဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်၏ ကားမှန်အား ရိုက်ခွဲကာ ကားဘက်ထရီခိုးယူမှု ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
"ကျွန်မကတော့ (၃)ကြိမ်တောင် ကားဘက်ထရီ ခိုးခံရတယ်။ ဆန်ဆိုင်းဈေးထဲမှာ တစ်ခါ၊ အိမ်ရှေ့မှာ (၂)ခါ၊ ညပိုင်းပဲ ခိုးခံရတာ။ ဆန်ဆိုင်းဈေးထဲမှာတော့ ကားမှန်ရိုက်ခွဲပြီး ကားဘက်ထရီခိုးတာ။ ဘက်ထရီခိုးရတာနဲ့ ပတ်သက်လို့တော့ ရဲစခန်းတော့ မတိုင်ဖြစ်ပါဘူး"ဟု မကာဟိုခမ်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ကားဘက်ထရီခိုးယူသူများသည် ကားရှေ့ဖုံးဖွင့်နိုင်ရန်အတွက် ကားတံခါးမှန်အား ရိုက်ခွဲကာ ကားအတွင်းမှ ခလုတ်ကို နှိပ်၍ ကားရှေ့ဖုံးဖွင့်ပြီးခိုးယူကြခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကားဘက်ထရီခိုးခံရခြင်းများနည်းတူ အသေးစားခိုးမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ။ Yar Bo Shee၊ Ko Hla Moe