ရွမ္းျပည္ေျမာက္ပိုင္းမွ ေရသန္႔လုပ္ငန္းမ်ား စည္းကမ္း မညီညႊတ္၍ ေခၚယူေဆြးေႏြးမည္

ရွမ္းျပည္ေျမာက္ပိုင္းမွ ေရသန္႔လုပ္ငန္းမ်ား စည္းကမ္း မညီညႊတ္၍ ေခၚယူေဆြးေႏြးမည္
ဒီဇင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေရသန္႔လုပ္ငန္းမ်ားသည္ FDA ေထာက္ခံခ်က္ လုပ္ငန္းလိုင္စင္ စည္းမ်ဥ္း စည္းကမ္းႏွင့္ မညီညြတ္မႈမ်ားေတြ႕ရွိရ၍ တစ္စုတစ္စည္းတည္း ေခၚယူစစ္ေဆး ေဆြးေႏြးမည္ ျဖစ္ေၾကာင္း သိရသည္။

“ေရသန္႔ေတြက ထုတ္ေနၾကတယ္။ ေတာ္ေတာ္မ်ားမ်ားက သတ္မွတ္ထားတ့ဲလိုင္စင္ေတြမရွိဘဲ လုပ္ေနၾကတာကို ေတြ႕ရတဲ႔အတြက္ ခုလိုေခၚယူ ေဆြးေႏြးတာမ်ိဳး အရင္လုပ္မွာပါ “ဟု လားရႈိးၿမိဳ႕ စားသံုးသူေရးရာဌာနမွ ဒု ျပည္နယ္ ဦးစီးမႈး ဦးေဇာ္မင္းသန္းက ေျပာသည္။

FDA ေထာက္ခံခ်က္လုပ္ငန္းလိုင္စင္၊ စက္မႈႀကီးၾကပ္လိုင္စင္စသည့္ ကုန္ထုတ္လုပ္ငန္း လိုင္စင္အမိ်ဳးမိ်ဳးႏွင့္ ပတ္သက္၍ လိုင္စင္ေလွ်ာက္ထားမႈ မရွိေသးသည့္လုပ္ငန္းရွင္မ်ားႏွင့္ ေလွ်ာက္ထားဆဲ လုပ္ငန္းရွင္မ်ားအား ေခၚယူေဆြးေႏြးမႈကို ဒီဇင္ဘာလ (၁၅) ရက္ေန႔ မနက္ (၉:၃၀) နာရီတြင္ လားရႈိးၿမိဳ႕နယ္ ျပည္သူ႔က်န္းမာ ေရးဦးစီးဌာနရံုးတြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္ေျခာက္လပိုင္းတုန္းက ပထမအႀကိမ္ ေတြ႔ဆံုေဆြးေႏြးထားတာရွိတယ္။ လိုင္စင္မရွိ၊ ေထာက္ခံခ်က္ မရွိတ့ဲ စားေသာက္ကုန္လုပ္ငန္းေတြ ေတြ႔ရွိခ့ဲေပမဲ့ သတိေပးတာမ်ိဳးပဲ လုပ္ခ့ဲတာ။ အေရးယူထားတာေတာ့ မရွိေသးဘူး"ဟု ဦးေဇာ္မင္းသန္းက ေျပာသည္။

စားေသာက္ကုန္လုပ္ငန္း အားလံုးအတြက္လည္း ေနာက္ပိုင္းတြင္ စစ္ေဆးအေရးယူမႈမ်ား ျပဳလုပ္ သြားမည္ျဖစ္ၿပီး ယခုအစီအစဥ္မွာ ေရသန္႔ထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္းမ်ားကို စတင္ ကိုင္တြယ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“လိုင္စင္မရွိ စည္းကမ္းမလိုက္နာတ့ဲ လုပ္ငန္းေတြကိုလည္း ဥပေဒအတိုင္း ထိေရာက္စြာ အေရးယူေစခ်င္ပါတယ္”ဟု လားရႈိးၿမိဳ႕မွ ကိုမင္းမင္းက ေျပာသည္။

စားေသာက္ကုန္မ်ားတြင္ FDA ေထာက္ခံခ်က္ (နံပါတ္)၊ ဆက္သြယ္ရန္လိပ္စာ၊ ဖုန္းနံပါတ္ က်န္းမာေရး ေထာက္ခံခ်က္မ်ား ေဖၚျပထားရန္လိုအပ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရေသန့်လုပ်ငန်းများသည် FDA ထောက်ခံချက် လုပ်ငန်းလိုင်စင် စည်းမျဉ်း စည်းကမ်းနှင့် မညီညွတ်မှုများတွေ့ရှိရ၍ တစ်စုတစ်စည်းတည်း ခေါ်ယူစစ်ဆေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ရေသန့်တွေက ထုတ်နကြေတယ်။ တော်တော်များများက သတ်မှတ်ထားတဲ့လိုင်စင်တွေမရှိဘဲ လုပ်နကြေတာကို တွေ့ရတဲ့အတွက် ခုလိုခေါ်ယူ ဆွေးနွေးတာမျိုး အရင်လုပ်မှာပါ “ဟု လားရှိုးမြို့ စားသုံးသူရေးရာဌာနမှ ဒု ပြည်နယ် ဦးစီးမှုး ဦးဇော်မင်းသန်းက ပြောသည်။

FDA ထောက်ခံချက်လုပ်ငန်းလိုင်စင်၊ စက်မှုကြီးကြပ်လိုင်စင်စသည့် ကုန်ထုတ်လုပ်ငန်း လိုင်စင်အမျိုးမျိုးနှင့် ပတ်သက်၍ လိုင်စင်လျှောက်ထားမှု မရှိသေးသည့်လုပ်ငန်းရှင်များနှင့် လျှောက်ထားဆဲ လုပ်ငန်းရှင်များအား ခေါ်ယူဆွေးနွေးမှုကို ဒီဇင်ဘာလ (၁၅) ရက်နေ့ မနက် (၉:၃၀) နာရီတွင် လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ခြောက်လပိုင်းတုန်းက ပထမအကြိမ် တွေ့ဆုံဆွေးနွေးထားတာရှိတယ်။ လိုင်စင်မရှိ၊ ထောက်ခံချက် မရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေ တွေ့ရှိခဲ့ပေမဲ့ သတိပေးတာမျိုးပဲ လုပ်ခဲ့တာ။ အရေးယူထားတာတော့ မရှိသေးဘူး"ဟု ဦးဇော်မင်းသန်းက ပြောသည်။

စားသောက်ကုန်လုပ်ငန်း အားလုံးအတွက်လည်း နောက်ပိုင်းတွင် စစ်ဆေးအရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး ယခုအစီအစဉ်မှာ ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများကို စတင် ကိုင်တွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“လိုင်စင်မရှိ စည်းကမ်းမလိုက်နာတဲ့ လုပ်ငန်းတွေကိုလည်း ဥပဒေအတိုင်း ထိရောက်စွာ အရေးယူစေချင်ပါတယ်”ဟု လားရှိုးမြို့မှ ကိုမင်းမင်းက ပြောသည်။

စားသောက်ကုန်များတွင် FDA ထောက်ခံချက် (နံပါတ်)၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ် ကျန်းမာရေး ထောက်ခံချက်များ ဖော်ပြထားရန်လိုအပ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~