ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် (၉၆)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီက ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ယင်းနောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများ နှင့် အလှူရှင်များအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးပြီး၊ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး
အခမ်းအနားတွင် တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၉၆)နှစ်မြောက် အမျိုးသားနေ့သဝဏ်လွှာကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။
ယင်းနောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး နှင့် ပန်းချီးပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများ နှင့် အလှူရှင်များအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးပြီး၊ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး