မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ လာရောက်၍ တာချီလိတ်မြို့တွင် သဘင်ပညာရှင်များအစည်းအရုံးအား နိုဝင်ဘာလ(၂၉)ရက်နေ့ တွင် ဖွဲ့စည်းမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ သဘင်ပညာရှင်များ တက်ရောက် ပါဝင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မှာ သဘင်ပညာရှင်များအစည်းအရုံးဖွဲ့စည်းပေးဖို့အတွက် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)ကနေ ဒုဥက္ကဌ ဦးနေဝင်း (မန္တလေး) နဲ့ အတွင်းရေးမှူး ဦးမိုးဝင်း တာချီလိတ်ကို ရောက်ရှိလာပါတယ်၊ တာချီလိတ်မှာ ဖွဲ့စည်းနိုင်ဖို့ တာချီလိတ်မှာရှိတဲ့ သဘင်ပညာရှင်များ တက်ရောက်နိုင်ပါတယ်"ဟု ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ နာယက တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
တာချီလိတ်မြို့တွင် ဖွဲ့စည်းမည့် သဘင်ပညာရှင်များအစည်းအရုံး ရွေးချယ်မှု အခမ်းအနားအား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ ရွှေမန်းသဘင်ဇာတ်သဘင်တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ်ရှိ သဘင်ပညာရှင်များ တက်ရောက်ပေးနိုင်ဖို့ လိုအပ်ကြောင်း၎င်းထံမှ သိရသည်။