ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ဟိုပုံးမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာ ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - နိုနို
အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးသန်းတိုးက စားသုံးသူအကာအကွယ်ပေးရေးဥပဒေအကြောင်း ပြောကြားရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀၀)ဝန်းကျင် တက်ရောက်၍ လေ့လာမှတ်သားကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
သတင်း - နိုနို