ရှမ်းပြည်နယ်မှ NLD ပါတီမှ တာဝန်ရှိသူနှစ်ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်းနှင့် တာဝန်မှရပ်စဲကြောင်း NLD CEC အစည်းအဝေးတွင် ဆုံးဖြတ်သည်ဟု မီဒီယာများသို့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြား လိုက်သော်လည်း ကာယကံရှင်များထံ တရားဝင်အကြောင်းကြားစာ မရောက်သေးကြောင်း သိရသည်။
ရှမ်းပြည်နယ် NLD ဥက္ကဌ ဒေါ်ခင်မိုးမိုးအား ရာထူးမှထုတ်ပယ်ခြင်းနှင့် တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးတို့အား တာဝန်မှရပ်စဲကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်သော NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၏ CEC အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ရောက်ရှိလာကာ ပြည်နယ်အဆင့် CEC အားပြန်လည်ရွေးချယ်ရန် အစည်းအဝေးခေါ်ယူပြီး စက်တင်ဘာလ (၄) ရက်နေ့တွင် တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်မောင်တိုးအား ပါတီစည်းကမ်းနှင့် မညီ၍ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သတင်း - နိုနို
“အန်တီတို့လည်း ခုနကမှ ဖုန်းဆက်လိုက်လို့သိရတာပါ။ တရားဝင်စာတွေတော့ အန်တီတို့နား မရောက်သေးပါဘူး။ ဦးဝင်းထိန်က မီဒီယာတွေကို ဖြကြေားထားတာကနေ အန်တီတို့သိရတာပါ။ ဒေါ်မီးမီးနဲ့ ယူမီဇော်တို့ရဲ့အယူခံကို လက်ခံလိုက်တယ်။ အရင်တာဝန်ပဲ ပြန်ပေးလိုက်တယ်လို့သိရတာပါ” ဟု ဒေါ်ခင်မို့မို့က Tachileik News Agencyသို့ ပြောသည်။
ရှမ်းပြည်နယ် NLD ဥက္ကဌ ဒေါ်ခင်မိုးမိုးအား ရာထူးမှထုတ်ပယ်ခြင်းနှင့် တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးတို့အား တာဝန်မှရပ်စဲကြောင်း နပြေည်တော် စည်ပင်ဧည့်ရိပ်သာတွင် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်သော NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၏ CEC အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားထားခြင်းဖြစ်သည်။
“ကျွန်တော်တို့လည်း အန်တီမိုးပြောမှ သိရတာပါ။ ဒီနေ့စည်းဝေးမှာ ကျွန်တော်တို့ တာဝန်ရပ်စဲထားလိုက်ပြီလို့ မီဒီယာတွေဆီမှာ သူဖြေထားတာတွေ့ပါတယ်။ တရားဝင်စာတွေလည်း ကျွန်တော်တို့ဆီမှာ မရောက်သေးပါဘူး။ ဘာကြောင့်ထုတ်တယ်။ ဘာလဲဆိုတာ စာရောက်မှသိရမှာပါ” ဟု ဦးတင်မောင်တိုးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ရောက်ရှိလာကာ ပြည်နယ်အဆင့် CEC အားပြန်လည်ရွေးချယ်ရန် အစည်းအေဝးခေါ်ယူပြီး စက်တင်ဘာလ (၄) ရက်နေ့တွင် တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်မောင်တိုးအား ပါတီစည်းကမ်းနှင့် မညီ၍ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခရိုင်ဥက္ကဌဖြစ်သူ ဦးတင်မောင်တိုးက ပါတီတွင်း အစည်းအဝေးအပြီးတွင် လူမှုကွန်ရက် ဖေ့ဘုတ်၌ "နိုင်ငံရေးသမိုင်းက ငွေပေးဝယ်လို့မရဘူး"ဟု ရေးသားမှုနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က တောင်ကြီးခရိုင် NLD ဥက္ကဌအား ပါတီမှ ထုတ်ပယ်လိုက်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သတင်း - နိုနို