စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္ ပရိမၼေက်းရြာတြင္ အသက္ (၃၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ဖုန္းျဖင့္ လူမႈကြန္ယက္စာမ်က္ႏွာ အသံုးျပဳရင္း စိုက္ပ်ိဳးေရးသံုး ပိုးသတ္ေဆးေသာက္၍ ေသဆံုးမႈျဖစ္ပြားေၾကာင္း နယ္ေျမရဲစခန္းမွ သိရသည္။
နယ္ေျမရဲစခန္းတာဝန္ရိွသူမ်ားသည္ နိုဝင္ဘာလ(၁၈)ရက္ေန႔ ညေန (၆)နာရီ (၄၅)မိနစ္ခန္႔တြင္ ပရိမၼေက်းရြာတြင္ လူတစ္ဦး အဆိပ္ေသာက္ေသဆံုးေၾကာင္း သတင္းအရ သြားေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"အဆိပ္ေသာက္ေသဆံုးသူသည္ အေတြးသမားျဖစ္ၿပီး တယ္လီဖုန္းျဖင့္ အင္တာနက္အသံုးျပဳေနရာမွ ရုတ္တရက္ စိတ္လြတ္ကာ အနီးတြင္ရိွေသာ AWBO ကုမၸဏီထုတ္ ဖိုင္းရာ ၂၀ အီးစီပိုးသတ္ေဆးအား ေသာက္မိ၍”ဟု ရဲတပ္ဖြဲ႕၏ မႈခင္းမွတ္တမ္းတြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။
အဆိုပါ ေသဆံုးမႈအား ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္မဟုတ္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။
" တကယ္ေတာ့ အြန္လိုင္းသံုးတာ လူငယ္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအတြက္ စိန္ေခၚမႈတစ္ရပ္လို ျဖစ္ေနတယ္။ အထူးသျဖင့္ လူမႈကြန္ရက္ေတြဟာ အဆိုးအေကာင္းေတြလည္း ဒြန္တြဲေနတယ္။ ဒါေၾကာင့္ လူငယ္ေတြအေနနဲ႔ စဥ္းစားခ်င့္ခ်ိန္ျပီး ဒါကိုအသံုးျပဳေစခ်င္ပါတယ္" ဟု ေျမာင္ျမိဳ႕ခံ ဦးေအးျမင့္က Tachileik News Agency သို႔ ဆိုသည္။
အဆိုပါ ေသဆံုးမႈနွင့္ ပတ္သတ္ျပီး ေျမာင္ျမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၆/၂၀၁၆ )ျဖင့္ အမႈဖြင့္၍ စစ္ေဆးေနေၾကာင္း သိရသည္။
သတင္း - ရန္ႏိုင္စိုး
နယ်မြေရဲစခန်းတာဝန်ရှိသူများသည် နိုဝင်ဘာလ(၁၈)ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်ခန့်တွင် ပရိမ္မကျေးရွာတွင် လူတစ်ဦး အဆိပ်သောက်သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဆိပ်သောက်သေဆုံးသူသည် အတွေးသမားဖြစ်ပြီး တယ်လီဖုန်းဖြင့် အင်တာနက်အသုံးပြုနေရာမှ ရုတ်တရက် စိတ်လွတ်ကာ အနီးတွင်ရှိသော AWBO ကုမ္ပဏီထုတ် ဖိုင်းရာ ၂၀ အီးစီပိုးသတ်ဆေးအား သောက်မိ၍”ဟု ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
" တကယ်တော့ အွန်လိုင်းသုံးတာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေတယ်။ အထူးသဖြင့် လူမှုကွန်ရက်တွေဟာ အဆိုးအကောင်းတွေလည်း ဒွန်တွဲနေတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ စဉ်းစားချင့်ချိန်ပြီး ဒါကိုအသုံးပြုစေချင်ပါတယ်" ဟု မြောင်မြို့ခံ ဦးအေးမြင့်က Tachileik News Agency သို့ ဆိုသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သတ်ပြီး မြောင်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၆ )ဖြင့် အမှုဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး