ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ၊ မူဆယ္ခရိုင္ ေဒသတြင္း တိုက္ပြဲမ်ားေၾကာင့္ ယခုႏွစ္တြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ႏွင့္ ေကာက္သစ္စားပြဲေတာ္အား က်င္းပျပဳလုပ္မည္မဟုတ္ေၾကာင္း ႏို၀င္ဘာလ(၂၅)ရက္ေန႔တြင္ မူဆယ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမွ ေၾကညာခ်က္ ထုတ္ျပန္လိုက္သည္။
"အရင္ကေတာ့ မူဆယ္ခရိုင္ထဲမွာ အႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ ဒီမူဆယ္ၿမိဳ႕မွာ က်င္းပပါတယ္။ အခုက်ေတာ့ မေန႔က ေန႔လည္(၁)နာရီခြဲမွာ အစည္းအေ၀း ဆံုးျဖတ္ခ်က္အရ ဒီႏွစ္မွာ မလုပ္ေတာ့ဘူးလို႔ ဆံုးျဖတ္ထားပါတယ္။ တစ္ေန႔ကေတာ့ နမ့္ခမ္းမွာလည္း သူတို႔ အစည္းေ၀းလုပ္ၿပီး မလုပ္ေတာ့ဘူးဆိုတာကို ဆံုးျဖတ္ခ်က္ခ်ပါတယ္"ဟု မူဆယ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမွ ဦးစိုင္းတြံေခါင္က Tachileik News Agencyသို႔ ေျပာသည္။
၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၂၀)ရက္ေန႔မွစ၍ မူဆယ္ခရိုင္၊ မူဆယ္ၿမိဳ႕နယ္၊ မိုင္းယု(၁၀၅)မိုင္၊ မံုးကိုးၿမိဳ႕ႏွင့္ ပန္ဆိုင္း(ၾကဴကုတ္)ၿမိဳ႕မ်ား၌ ျမန္မာ့တပ္မေတာ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔( KIA, MNDAA, TNLA, AA )တို႔ အၾကား တိုက္ပြဲျဖစ္စဥ္မ်ားေၾကာင့္ ပြဲေတာ္အတြင္း ေရာက္ရွိလာမည့္ တိုင္းရင္းသားျပည္သူမ်ားအတြက္ အႏၱရာယ္မ်ား မက်ေရာက္ေစရန္အတြက္ ပြဲေတာ္မက်င္းပျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။
"ပြဲက်င္းပျခင္းအားျဖင့္ ထြက္လာမယ့္ဆိုးက်ဳိးေတြကို ကြ်န္ေတာ္တို႔က ငဲ့ညႇာေသာအားျဖင့္ ဒီပြဲ မလုပ္ဖို႔ ဆံုးျဖတ္လိုက္ရတာပါ။ မူဆယ္ခရိုင္အေနနဲ႔ေတာ့ မလုပ္ျဖစ္ေတာ့ပါဘူး"ဟု ဦးစိုင္းတြံေခါင္က ေျပာသည္။
ရွမ္းႏွစ္သစ္ကူးပြဲေတာ္က်င္းပေရးေကာ္မတီႏွင့္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီတို႔မွ ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၂၅)ရက္ေန႔ ရက္စြဲျဖင့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္ မက်င္းပႏိုင္ေတာ့ေၾကာင္းကို ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။
"အရင်ကတော့ မူဆယ်ခရိုင်ထဲမှာ အကြီးဆုံးမြို့ဖြစ်တဲ့ ဒီမူဆယ်မြို့မှာ ကျင်းပပါတယ်။ အခုကျတော့ မနေ့က နေ့လည်(၁)နာရီခွဲမှာ အစည်းအေဝး ဆုံးဖြတ်ချက်အရ ဒီနှစ်မှာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ တစ်နေ့ကတော့ နမ့်ခမ်းမှာလည်း သူတို့ အစည်းေဝးလုပ်ပြီး မလုပ်တော့ဘူးဆိုတာကို ဆုံးဖြတ်ချက်ချပါတယ်"ဟု မူဆယ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းတွံခေါင်က Tachileik News Agencyသို့ ပြောသည်။
၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့မှစ၍ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်၊ မုံးကိုးမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့များ၌ မြန်မာ့တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့( KIA, MNDAA, TNLA, AA )တို့ အကြား တိုက်ပွဲဖြစ်စဉ်များကြောင့် ပွဲတော်အတွင်း ရောက်ရှိလာမည့် တိုင်းရင်းသားပြည်သူများအတွက် အန္တရာယ်များ မကျရောက်စေရန်အတွက် ပွဲတော်မကျင်းပခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ပွဲကျင်းပခြင်းအားဖြင့် ထွက်လာမယ့်ဆိုးကျိုးတွေကို ကျွန်တော်တို့က ငဲ့ညှာသောအားဖြင့် ဒီပွဲ မလုပ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ မူဆယ်ခရိုင်အနေနဲ့တော့ မလုပ်ဖြစ်တော့ပါဘူး"ဟု ဦးစိုင်းတွံခေါင်က ပြောသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့ ရက်စွဲဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော် မကျင်းပနိုင်တော့ကြောင်းကို ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။