ကယားတိုင်းရင်းသားပါတီသုံးခုအား ပြည်နယ်ကိုယ်စားပြုတစ်ပါတီအဖြစ် ပူးပေါင်းသွားကြမည်ဖြစ်ကြောင်း နိုဝင်ဘာလ (၂၂) ရက်တွင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
“ပါတီ သုံးခုပေါင်းပြီး ပြည်နယ်ကိုယ်စားပြုတစ်ပါတီအဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ရပ်တည် သွားမှာဖြစ်ပါတယ်။ နာမည်တစ်ခုနဲ့ ထူထောင်မယ်လို့ သဘောတူညီမှုရတယ်။ ပါတီသစ်ပြန်လည် မှတ်ပုံတင်ဖို့ ကိစ္စတွေတော့ ဆက်လုပ်ရမှာပေါ့။ အခုတော့ ပြည်နယ်ကိုယ်စားပြု တစ်ပါတီထဲပေါင်းဖို့ သဘောတူလိုက်ပါပြီ”ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)၏ ဗဟိုကော်မတီဝင် ခူးသဲရယ်က Tachileik News Agency သို့ပြောသည်။
ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကတည်းက တစ်ပါတီထဲ ပူးပေါင်းရေးအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း