မၾကာမီက နယ္စပ္ကုန္သြယ္ေရးစခန္း တရားဝင္ဖြင့္လွစ္လိုက္သည့္ ကယားျပည္နယ္တြင္ ကုန္စည္မ်ား ေရာင္းဝယ္ေဖာက္ကားမႈ ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ေရးအတြက္ ကုန္စည္ဒိုင္ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္ထံမွ သိရသည္။
"အခုဖြဲ႕ထားတဲ့ ကုန္စည္ဒိုင္က အသက္မဝင္ဘူး။ အဲဒီေတာ့ အသက္မဝင္တဲ႔ ကုန္စည္ဒိုင္ကို ဖ်က္လိုက္ၿပီး တကယ္ ဦးစီးဦးေဆာင္လုပ္ႏိုင္တဲ့သူေတြပါဝင္တဲ့ တကယ္ထိထိ ေရာက္ေရာက္ မွန္မွန္ကန္ကန္ လုပ္ႏိုင္မယ့္ ကုန္စည္ဒိုင္ အသစ္တစ္ခု ဖြဲ႕စည္းပါမယ္"ဟု ကယားျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္က ေျပာသည္။
ယခင္က ကုန္သည္မ်ား ဖြဲ႕စည္းထားေသာ ကုန္စည္ဒိုင္မ်ားမွာ လုပ္ငန္းလုပ္ေဆာင္ျခင္းမရိွသျဖင့္ ပိုမိုေကာင္းမြန္ၿပီး စနစ္က်သည့္ ကုန္စည္ဒိုင္ျဖစ္လာရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကုန္စည္ဒိုင္ကေတာ့ ႏွစ္တိုင္းဖြဲ႕ေနတာပဲ။ တကယ္ေတာ့ ဒုံရင္းဒုံရင္းကမ်ားတယ္။ ဖြဲ႕ၿပီးေတာ့ ကိုယ့္အိမ္မွာပဲ ဝယ္/ေရာင္းလုပ္ၿပီး ေဈးကစားတာေတြ ဘာေတြ လုပ္ေနတာပဲေလ။ တကယ္ ျဖစ္လာဖို႔ လႊတ္ေတာ္က ဥပေဒတစ္ခု ျပဌာန္းၿပီး တကယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုတာေပါ့။ ပါဝင္မယ့္သူေတြရဲ႕ အမည္စာရင္းကိုေတာ့ စီးပြားကူးသန္းကိုတင္ျပထားပါၿပီ "ဟု ကုန္စည္ဒိုင္အသစ္ဖြဲ႕စည္းရန္ အမည္စာရင္းျပဳစုေရး တာဝန္ ယူထားသည့္ ဦးျမင့္ေအာင္က ေျပာသည္။
ျပည္နယ္တြင္းရွိ ကုန္စည္ေရာင္းဝယ္မႈကို စနစ္တက် လုပ္ႏိုင္ရန္အတြက္ ကုန္စည္ဒိုင္တစ္ခုကို ဖြင့္လွစ္ၿပီး အဆိုပါ ကုန္စည္ဒိုင္တြင္ ေတာင္သူမ်ား၊ ကုန္သည္မ်ား အေရာင္းအဝယ္ျပဳလုပ္ႏုိင္ရန္ လတ္တေလာတြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဦးစီးဌာန စားသုံးသူေရးရာဦးစီးဌာနရုံးရွိ ဂိုေဒါင္မ်ားကို အသုံးျပဳရန္ လ်ာထားေၾကာင္း သိရသည္။
"သူတို႔ေျပာသလိုဆို သီးႏွံေတြေရာင္းရမယ့္ ေနရာတစ္ခု ရွိလာမယ္။ ေဈးကလည္း ကစားလို႔မရေတာ့ဘူး။ ေပါက္ေဈးအတိုင္း ေရာင္းလို႔ရမယ္ေပါ့။ အခုက ကၽြန္ေတာ္တို႔က ကုန္သည္ေတြ အိမ္သြားေရာင္းရတာ။ သူတို႔က ေဈးကစားခ်င္တိုင္း ကစားၾကတာမ်ိဳးေတြ လုပ္တာေပါ့။ အခုလို အစိုးရက ဦးေဆာင္ ဖြဲ႕ေပးမွာဆိုေတာ့ ပိုေကာင္းမယ္လို႕ထင္တာပဲေလ "ဟု ႏြားလဝိုးေက်းရြာမွ ေတာင္သူ ဦးတိုးရယ္က ေျပာသည္။
ကုန္စည္ဒိုင္လုပ္ေဆာင္ေပးျခင္းျဖင့္ ေဒသတြင္း သီးႏွံေရာင္းဝယ္ေရး ဆံုရပ္ျဖစ္လာႏိုင္၍ ေတာင္သူမ်ားအတြက္ ပိုမိုအဆင္ေျပလာႏုိင္မည္ဟု ေဒသခံေတာင္သူမ်ားက ခန္႔မွန္းထားသည္။
သတင္း - ဆန္းၿဖဳိးထြန္း
"အခုဖွဲ့ထားတဲ့ ကုန်စည်ဒိုင်က အသက်မဝင်ဘူး။ အဲဒီတော့ အသက်မဝင်တဲ့ ကုန်စည်ဒိုင်ကို ဖျက်လိုက်ပြီး တကယ် ဦးစီးဦးဆောင်လုပ်နိုင်တဲ့သူတွေပါဝင်တဲ့ တကယ်ထိထိ ရောက်ရောက် မှန်မှန်ကန်ကန် လုပ်နိုင်မယ့် ကုန်စည်ဒိုင် အသစ်တစ်ခု ဖွဲ့စည်းပါမယ်"ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။
ယခင်က ကုန်သည်များ ဖွဲ့စည်းထားသော ကုန်စည်ဒိုင်များမှာ လုပ်ငန်းလုပ်ဆောင်ခြင်းမရှိသဖြင့် ပိုမိုကောင်းမွန်ပြီး စနစ်ကျသည့် ကုန်စည်ဒိုင်ဖြစ်လာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
"ကုန်စည်ဒိုင်ကတော့ နှစ်တိုင်းဖွဲ့နေတာပဲ။ တကယ်တော့ ဒုံရင်းဒုံရင်းကများတယ်။ ဖွဲ့ပြီးတော့ ကိုယ့်အိမ်မှာပဲ ဝယ်/ရောင်းလုပ်ပြီး ဈေးကစားတာတွေ ဘာတွေ လုပ်နေတာပဲလေ။ တကယ် ဖြစ်လာဖို့ လွှတ်တော်က ဥပဒေတစ်ခု ပြဌာန်းပြီး တကယ်ထိန်းချုပ်နိုင်ဖို့ လိုတာပေါ့။ ပါဝင်မယ့်သူတွေရဲ့ အမည်စာရင်းကိုတော့ စီးပွားကူးသန်းကိုတင်ပြထားပါပြီ "ဟု ကုန်စည်ဒိုင်အသစ်ဖွဲ့စည်းရန် အမည်စာရင်းပြုစုရေး တာဝန် ယူထားသည့် ဦးမြင့်အောင်က ပြောသည်။
ပြည်နယ်တွင်းရှိ ကုန်စည်ရောင်းဝယ်မှုကို စနစ်တကျ လုပ်နိုင်ရန်အတွက် ကုန်စည်ဒိုင်တစ်ခုကို ဖွင့်လှစ်ပြီး အဆိုပါ ကုန်စည်ဒိုင်တွင် တောင်သူများ၊ ကုန်သည်များ အရောင်းအဝယ်ပြုလုပ်နိုင်ရန် လတ်တလောတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနရုံးရှိ ဂိုဒေါင်များကို အသုံးပြုရန် လျာထားကြောင်း သိရသည်။
"သူတို့ပြောသလိုဆို သီးနှံတွေရောင်းရမယ့် နေရာတစ်ခု ရှိလာမယ်။ ဈေးကလည်း ကစားလို့မရတော့ဘူး။ ပေါက်ဈေးအတိုင်း ရောင်းလို့ရမယ်ပေါ့။ အခုက ကျွန်တော်တို့က ကုန်သည်တွေ အိမ်သွားရောင်းရတာ။ သူတို့က ဈေးကစားချင်တိုင်း ကစားကြတာမျိုးတွေ လုပ်တာပေါ့။ အခုလို အစိုးရက ဦးဆောင် ဖွဲ့ပေးမှာဆိုတော့ ပိုကောင်းမယ်လို့ထင်တာပဲလေ "ဟု နွားလဝိုးကျေးရွာမှ တောင်သူ ဦးတိုးရယ်က ပြောသည်။
ကုန်စည်ဒိုင်လုပ်ဆောင်ပေးခြင်းဖြင့် ဒေသတွင်း သီးနှံရောင်းဝယ်ရေး ဆုံရပ်ဖြစ်လာနိုင်၍ တောင်သူများအတွက် ပိုမိုအဆင်ပြေလာနိုင်မည်ဟု ဒေသခံတောင်သူများက ခန့်မှန်းထားသည်။
သတင်း - ဆန်းဖြိုးထွန်း