မႏၲေလးတိုင္းေဒသႀကီး ၊ တံတားဦးၿမိဳ႕နယ္ ၊ အင္းဝၿမိဳ႕ေဟာင္းသို႔ လာေရာက္လည္ပတ္သည့္ ႏုိင္ငံျခားသား ခရီးသြားမ်ား ျမင္းလွည္းစီးနင္းမႈမ်ား လာသျဖင့္ ေဒသတြင္း ျမင္းလွည္းလိုင္စင္ျပဳလုပ္သူ တိုးလာေၾကာင္း သိရသည္။
“ႏိုင္ငံျခားသားအလာမ်ားေတာ့ အျခားကုန္ေတြဘာေတြ တင္တဲ့ျမင္းလွည္းေတြကလည္း လာၿပီးဆြဲၾကတာပါ။ ခရီးသြားပို႔တဲ့ျမင္းလွည္းက သပ္သပ္လိုင္စင္ရွိတာဆိုေတာ့ အျခားကလာဆြဲတဲ့ ျမင္းလွည္းေတြကိုလည္း လိုင္စင္ထုတ္ေပးရတာေပါ့။ သူတို႔လည္း အလုပ္ျဖစ္ေအာင္” ဟု အင္း၀ျမင္းလွည္းမ်ားေကာ္မတီ အတြင္းေရးမွဴး ကိုေဇာ္ႏိုင္က ေျပာသည္။
၂၀၁၄ ခုႏွစ္တြင္ လုိင္စင္ျပဳလုပ္ထားသည့္ ျမင္းလွည္းစီးေရမွာ (၁၇၅) စီးရိွၿပီး ၂၀၁၅ ခုႏွစ္တြင္ အစီးေရ (၂၀၀) ေက်ာ္အထိ တိုးျမင့္လာေၾကာင္း သိရသည္။
“ဒီႏွစ္ခရီးသြားရာသီအစမွာကို ဧည့္သည္အေတာ္မ်ားတယ္။ ျမင္းလွည္းတစ္စီးကို တစ္ေန႔ တစ္ေခါက္ေတာ့ ပံုမွန္လိုက္ရတယ္။ ခရီးသြားအလာမ်ားတဲ့ ဇန္န၀ါရီလေလာက္ဆိုရင္ ႏွစ္ေခါက္ကေန သံုးေခါက္ရတဲ့ သူရွိတယ္။ အရင္ကလည္း ျမင္းလွည္းက အစီး (၂၀၀) ေက်ာ္ပါတယ္။ ဒါေပမဲ့ အဲဒီတုန္းက ခရီးသြားမလာလို႔ အလုပ္လည္း မျဖစ္တာနဲ႕ တျခားအလုပ္ေျပာင္းကုန္တာ။ အခုေတာ့ျပန္ဆြဲၾကတာပါ”ဟု ျမင္းလွည္းသမား ကိုဦးက ဆိုသည္။
ခရီးသြားဧည့္သည္မ်ားမွာ အင္း၀ေဒသရွိ မယ္ႏုအုတ္ေက်ာင္း၊ ေမွ်ာ္စင္၊ ရတနာဆီမီး ဘုရားႏွင့္ ဗားကရာေက်ာင္းမ်ားသို႔ လာေရာက္ေလ့လာၾကရာ ျမင္းလွည္းတစ္စီးလွ်င္ နွစ္ေယာက္စီးနင္းႏုိင္ၿပီး ခရီးစဥ္ေပၚမူတည္၍ ေစ်းႏႈန္းမွာက်ပ္ တစ္ေသာင္းမွ က်ပ္တစ္ေသာင္းခြဲအထိရိွေၾကာင္း သိရသည္။
သတင္း - ေရႊေဇာ္
“နိုင်ငံခြားသားအလာများတော့ အခြားကုန်တွေဘာတွေ တင်တဲ့မြင်းလှည်းတွေကလည်း လာပြီးဆွဲကြတာပါ။ ခရီးသွားပို့တဲ့မြင်းလှည်းက သပ်သပ်လိုင်စင်ရှိတာဆိုတော့ အခြားကလာဆွဲတဲ့ မြင်းလှည်းတွေကိုလည်း လိုင်စင်ထုတ်ပေးရတာပေါ့။ သူတို့လည်း အလုပ်ဖြစ်အောင်” ဟု အင်းဝမြင်းလှည်းများကော်မတီ အတွင်းရေးမှူး ကိုဇော်နိုင်က ပြောသည်။
၂၀၁၄ ခုနှစ်တွင် လိုင်စင်ပြုလုပ်ထားသည့် မြင်းလှည်းစီးရေမှာ (၁၇၅) စီးရှိပြီး ၂၀၁၅ ခုနှစ်တွင် အစီးရေ (၂၀၀) ကျော်အထိ တိုးမြင့်လာကြောင်း သိရသည်။
“ဒီနှစ်ခရီးသွားရာသီအစမှာကို ဧည့်သည်အတော်များတယ်။ မြင်းလှည်းတစ်စီးကို တစ်နေ့ တစ်ခေါက်တော့ ပုံမှန်လိုက်ရတယ်။ ခရီးသွားအလာများတဲ့ ဇန်နဝါရီလလောက်ဆိုရင် နှစ်ခေါက်ကနေ သုံးခေါက်ရတဲ့ သူရှိတယ်။ အရင်ကလည်း မြင်းလှည်းက အစီး (၂၀၀) ကျော်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ခရီးသွားမလာလို့ အလုပ်လည်း မဖြစ်တာနဲ့ တခြားအလုပ်ပြောင်းကုန်တာ။ အခုတော့ပြန်ဆွဲကြတာပါ”ဟု မြင်းလှည်းသမား ကိုဦးက ဆိုသည်။
ခရီးသွားဧည့်သည်များမှာ အင်းဝဒေသရှိ မယ်နုအုတ်ကျောင်း၊ မျှော်စင်၊ ရတနာဆီမီး ဘုရားနှင့် ဗားကရာကျောင်းများသို့ လာရောက်လေ့လာကြရာ မြင်းလှည်းတစ်စီးလျှင် နှစ်ယောက်စီးနင်းနိုင်ပြီး ခရီးစဉ်ပေါ်မူတည်၍ ဈေးနှုန်းမှာကျပ် တစ်သောင်းမှ ကျပ်တစ်သောင်းခွဲအထိရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်