မြန်မာတစ်နိုင်ငံလုံးတွင် ဂုံရှမ်းရိုးရာထည် ယက်လုပ်နိုင်သူ (၃)ဦးအနက် တစ်ဦးမှာ အသက်အရွယ်ကြောင့် အနားယူသွားပြီး ဂုံရှမ်းရိုးရာထည်ယက်လုပ်မှုအား ပြည်တွင်းထက် ထိုင်းနိုင်ငံမှ လေ့လာသင်ယူသူများ နေသဖြင့် ရိုးရာအမွေအား ဆက်ခံထိန်းသိမ်းနိုင်မှုမှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
"ထိုင်းနိုင်ငံဘက်က စိတ်ဝင်စားတာများလာတဲ့အတွက် ဒီဂုံရှမ်းရိုးရာ အဝတ်အစားတွေကို သူတို့ပဲ အဝတ်များလာတဲ့အတွက် ကိုယ့်ရိုးရာအဝတ်အစားကို ကိုယ်ဝတ်ပေမဲ့ ထိုင်းအဝတ်အစားဝတ်တယ်ဆိုပြီးတော့ ကိုယ့်ရှမ်းအချင်းချင်းတောင် ပြောခံရတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရိုးရာကို တိုင်းတပါးရိုးရာလို့ ထင်လာကြပြီ"ဟု ကျိုင်းတုံသမို်င်းလေ့လာသူနှင့် ဂုံရှမ်းရိုးရာအထည်များယက်လုပ်သူ ကိုကျော်ရဲမြင့်အောင်က ပြောသည်။
ရှမ်းရိုးရာယဉ်ကျေးမှုများအနက် ဂုံရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများနှင့် ရိုးရာအဝတ်အထည်များကို ပြည်တွင်းထက် ထိုင်းနိုင်ငံမှ လာရောက်လေ့လာသင်ယူမှု ပိုများနခြေင်းဖြစ်ကြောင်း သိရသည်။
" လာလေ့လာတဲ့သူတွေ အကုန်လုံးကိုလည်း အခမဲ့ ရှင်းပြပေးတာပါ။ ရိုးရာလက်မှုပညာတွေကို်ဆိုရင် ဒီဘက်ကို လာလေ့လာတာတင် မဟုတ်ဘူး။ သူတို့ဆီကိုလည်း ခေါ်ပြီးတော့ သင်ခိုင်းတာတွေလည်းရှိတယ်။ သူတို့ဘက်ကတော့ ဒီဟာတွေက တန်ဖိုးကြီးမှန်းသိလို့ တော်တော်စိတ်ဝင်စားတယ်။ ဒီဘက်မှာတော့ တစ်ထည်တစ်ထည်ကို အကြာကြီးထိုးရတယ်။ ပျင်းတယ်ဆိုပြီးတော့ လာလေ့လာတာတို့ သင်တာတို့မရှိဘူး"ဟု ကိုကျော်ရဲမြင့်အောင်က ပြောသည်။
ရွှေချည်ထိုး၊ ကျိုင်းတုံသမိုင်း၊ ဂုံရှမ်းရိုးရာအထည်များ၊ ဂုံရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် လက်မှုပညာများကို ထိုင်းနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုတက္ကသိုလ်မှ လာရောက်လေ့လာမှုများကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ဂုံရှမ်းရိုးရာအဝတ်အထည်များကို ပြီးစလွယ်ယက်လုပ်ရောင်းချလာသည့်အတွက် ရိုးရာဝတ်စားဆင်ယင်မှုအစစ်များမှာ ပြည်တွင်းတွင် အတွေ့နည်းလာပြီး ထိုင်းနိုင်ငံတွင် ပျံ့နှံ့နေရုံသာမက ထိုင်းယဉ်ကျေးမှုပြတိုက်များတွင် ဂုံရှမ်းရိုးရာယဉ်ကျေးမှု မူရင်းအထည်စစ်စစ်များ ရှိနေကြောင်း သိရသည်။
"အခုနောက်ပိုင်းကတော့ လူငယ်တွေက တိုင်းတပါး ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကိုခံနေရတဲ့အတွက် ကိုယ့်ရိုးရာယဉ်ကျေးမှုကို စိတ်မဝင်စားတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဘယ်လိုပဲဖြစ်နဖြေစ်နေ မြန်မာပြည်ထဲမှာ ရှမ်းရိုးရာယဉ်ကျေးမှု သင်တန်းတွေလိုက်ပေးမယ်။ ရှမ်းလူမျိုးတိုင်းရဲ့ ဦးနှောက်ထဲ၊ အသွေးအသားထဲမှာ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ မ ပပျောက်အောင် အဓွန့်ရှည်အောင် သင်တန်းတွေ ပေးခြင်းအားဖြင့် ရိုက်သွင်းသွားမယ်။ သူတို့ ဆန်းသစ်တီထွင်မယ်ဆိုရင်လည်း ရှေးမူလည်းမပျက်အောင် တီထွင်ရင်လက်ခံမယ်။ အလွန်အကျွံဆိုရင်တော့ လက်မခံနိုင်ပါဘူး။"ဟု ရှမ်းရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး လူငယ်အဖွဲ့မှ ဦးစိုင်းခေးလျိုက ပြောသည်။
ထိုင်းနိုင်ငံသားများအနဖြေင့် ကျိုင်းတုံသမိုင်း၊ ဂုံရှမ်းရိုးရာအထည်များနှင့် လက်မှုပညာများကို လေ့လာရန်အတွက် ခရီးသွားရာသီများတွင် လာရောက်မှုများကြောင်း သိရသည်။
ဂုံရှမ်းရိုးရာထည်များမှာ စက်ထိုးတစ်ထည်လျှင် ကျပ်(၁)သိန်းခွဲခန့်ရှိပြီး လက်ထိုးအထည်များမှာ အသုံးပြုသည့် ပစ္စည်းပေါ်မူတည်၍ ကျပ်(၄)သိန်းမှ ကျပ်(၁၆)သိန်းကျော်ထိရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်