ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ လားရှိုးမြို့ရှိ နန်းဟေ၀န်ပန်းခြံအတွင်း ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမြေနေရာအတွက် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သတင်း/ဓာတ်ပုံ - စပယ်သက်
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ နှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းမိသားစုများအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း(၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - စပယ်သက်