႐ွမ္းျပည္ေတာင္ပိုင္း၊ ပင္လံုၿမိဳ႕တြင္ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ည ၈ နာရီေက်ာ္က ႐ွမ္းႏွစ္သစ္ကူး မီးပံုးပ်ံ လႊတ္တင္ရန္ ေနအိမ္အတြင္း ယမ္းေထာင္းရင္းေပါက္ကြဲမွဳ ျဖစ္ပြားသျဖင့္ တစ္ဦးေသဆံုးသြားေၾကာင္း သိရသည္။
“ကေလးေတြက ေဆာ့ခ်င္တာပဲသိတယ္။ အနၱရာယ္ကိုႀကိဳ မျမင္တတ္ၾကဘူး။ မီးယမ္းေပါက္ကြဲေတာ့ သူတို႔အိမ္အတြင္း မ်က္ႏွာက်က္ေတြ၊ ပစၥည္းေတြ ပ်က္ဆီးဆံုးရံႈးသြားပါတယ္။ မီးနဲ႔ပတ္သက္တဲ့ အရာတစ္ခုခု လုပ္ရင္ အထူးဂ႐ုစိုက္ဖို႔အရမ္းလိုပါတယ္”ဟု ပင္လံုနယ္ေျမရဲစခန္းမွ စခန္းမႈး ရဲအုပ္သန္းစိုးက Tachileik News Agencyသို႔ ေျပာသည္။
ျဖစ္စဥ္မွာ လူငယ္ (၇) ဦးက မီးပံုးပ်ံလႊတ္တင္ရန္ စုေပါင္းယမ္းေထာင္းရာမွ ေပါက္ကြဲသျဖင့္ လူတစ္ဦးေဆးရံုတြင္ ေသဆံုးၿပီး၊ ျပင္းထန္စြာဒဏ္ရာရရိွသြားသူ (၃)ဦးကို ပင္လံုျပည္သူ႔ေဆးရံုတြင္ တင္ပို႔ထားေၾကာင္း ႏွင့္ က်န္ဒဏ္ရာရသူ (၃) ဦးကို ေတာင္ႀကီး စစ္စံထြန္းေဆးရံုတြင္ တင္ပို႔ထားေၾကာင္း သိရသည္။
အဆိုပါလူငယ္ (၇)ဦးအား ပင္လံုနယ္ေျမရဲစခန္းတြင္ (ပ)၁၈/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၂၈၆/၃၃၈/၃၀၄ က ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ႏိုႏို
“ကလေးတွေက ဆော့ချင်တာပဲသိတယ်။ အန္တရာယ်ကိုကြို မမြင်တတ်ကြဘူး။ မီးယမ်းပေါက်ကွဲတော့ သူတို့အိမ်အတွင်း မျက်နှာကျက်တွေ၊ ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးသွားပါတယ်။ မီးနဲ့ပတ်သက်တဲ့ အရာတစ်ခုခု လုပ်ရင် အထူးဂရုစိုက်ဖို့အရမ်းလိုပါတယ်”ဟု ပင်လုံနယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်သန်းစိုးက Tachileik News Agencyသို့ ပြောသည်။
ဖြစ်စဉ်မှာ လူငယ် (၇) ဦးက မီးပုံးပျံလွှတ်တင်ရန် စုပေါင်းယမ်းထောင်းရာမှ ပေါက်ကွဲသဖြင့် လူတစ်ဦးဆေးရုံတွင် သေဆုံးပြီး၊ ပြင်းထန်စွာဒဏ်ရာရရှိသွားသူ (၃)ဦးကို ပင်လုံပြည်သူ့ဆေးရုံတွင် တင်ပို့ထားကြောင်း နှင့် ကျန်ဒဏ်ရာရသူ (၃) ဦးကို တောင်ကြီး စစ်စံထွန်းဆေးရုံတွင် တင်ပို့ထားကြောင်း သိရသည်။
အဆိုပါလူငယ် (၇)ဦးအား ပင်လုံနယ်မြေရဲစခန်းတွင် (ပ)၁၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၃၈/၃၀၄ က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - နိုနို