တာခ်ီလိတ္၌ က်ပ္သိန္း(၂၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းမိ

တာခ်ီလိတ္၌ က်ပ္သိန္း(၂၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းမိ
မေ 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ(၃)
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၂၀၁၆ ခုႏွစ္ ေမလအတြင္း ပထမဆံုး ဖမ္းဆီးရမိမႈ အေနျဖင့္ က်ပ္သိန္းေပါင္း (၂၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရွိ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ေမလ(၃)ရက္ ေန႔လယ္(၁)နာရီေက်ာ္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ျဖင့္  ေဂ်ာပ(ေအာက္)ေက်းရြာမွ တာခ်ီလိတ္သို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာသူ အားမူ(က်ား)ထံမွ ဖမ္းဆီးရမိျခင္း ျဖစ္သည္။

ဖမ္းဆီးသိမ္းဆည္းရမိရာတြင္ ေမာ္ေတာ္ဆိုင္ကယ္ အေရွ႕ဘက္ရွိ ကာဘာၾကားတြင္ သို၀ွက္သယ္ေဆာင္လာသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၆၄၀၀)ျပား ႏွင့္ အေလးခ်ိန္ (၃)ကီလိုခန္႔ရွိသည့္ ဘိန္းစိမ္းမ်ားအျပင္ အေလးခ်ိန္ (၂၀)ဂရမ္ရွိသည့္ ဘိန္းျဖဴတို႔ကို ဖမ္းဆီးရမိတာျဖစ္ၿပီး အသက္(၂၄)ႏွစ္ရွိ အားမူ(က်ား)အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  မယ(ပ)၂၇/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

................

တာချီလိတ်၊ မေ(၃)
တာချီလိတ်မြို့နယ်တွင် ၂၀၁၆ ခုနှစ် မေလအတွင်း ပထမဆုံး ဖမ်းဆီးရမိမှု အနဖြေင့် ကျပ်သိန်းပေါင်း (၂၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ(၃)ရက် နေ့လယ်(၁)နာရီကျော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် ဂျောပ(အောက်)ကျေးရွာမှ တာချီလိတ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူ အားမူ(ကျား)ထံမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးသိမ်းဆည်းရမိရာတွင် မော်တော်ဆိုင်ကယ် အရှေ့ဘက်ရှိ ကာဘာကြားတွင် သိုဝှက်သယ်ဆောင်လာသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၆၄၀၀)ပြား နှင့် အလေးချိန် (၃)ကီလိုခန့်ရှိသည့် ဘိန်းစိမ်းများအပြင် အလေးချိန် (၂၀)ဂရမ်ရှိသည့် ဘိန်းဖြူတို့ကို ဖမ်းဆီးရမိတာဖြစ်ပြီး အသက်(၂၄)နှစ်ရှိ အားမူ(ကျား)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~