က်ိဳင္းတုံ၊ ေမလ (၁၈) ရက္
ယေန႔ ေမလ(၁၈)ရက္ နံနက္က မီးေလာင္ကြ်မ္းခဲ့သည့္ ေနအိမ္သို႔ ကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတုံခရိုင္ဦးစီးမွဴးဦးေအာင္ျမင့္နွင့္ ဝန္ထမ္းမ်ားပူးေပါင္း၍ ေထာက္ပံ့ပစၥည္းမ်ားကို နံနက္(၅)နာရီခြဲက သြားေရာက္ေပးအပ္ေၾကာင္း သိရသည္။
ယေန႔ ေမလ (၁၈)ရက္ နံနက္ (၃)နာရီ (၂၅) မိနစ္က မီးေလာင္က်ြမ္းခဲ့သည့္ အမွတ္ (၄) ရပ္ကြက္၊ ျမိဳ႕သစ္က်ိဳင္းလိတ္ရပ္မွ မီးေဘးသင့္ေနအိမ္အတြက္ ကယ္ဆယ္ေရးပစၥည္း(၉)မ်ိဳးပါ၀င္သည့္ က်ားလုံခ်ည္၊ မလုံခ်ည္၊ ေစာင္၊ မ်က္ႏွာသုတ္ပုဝါ ၊ တီရွပ္၊ ဒန္အိုး၊ ဇလုံ၊ ကာေဘာလစ္ဆပ္ျပာနွင့္ နွစ္ေယာက္အိပ္ျခင္ေထာင္တို႔ကို နံနက္ (၅) နာရီခြဲက လက္၀ယ္အေရာက္ သြားေရာက္ေထာက္ပံ့လိုက္ျခင္း ျဖစ္သည္။
အဆိုပါ ေနအိမ္တြင္ ဖုန္းအားသြင္းထားရာမွ မီးႀကိဳးေခြအပူလြန္ကဲၿပီး မီးစတင္ ေလာင္ကြ်မ္းခဲ့ရာ သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း(၂)ထပ္အိမ္တစ္လံုး မီးေလာင္ျပာက်သြားခဲ့ေၾကာင္း ႏွင့္ လူ(၃)ဦးမွာ မစိုးရိမ္ရသည့္ မီးေလာင္ဒဏ္ရာရရွိၿပီး က်ဳိင္းတံုျပည္သူ႔ေဆးရံုတြင္ ေဆးကုမႈ ခံယူေနရေၾကာင္း သိရွိရသည္။
သတင္း။ ။ ဇင္ေအာင္
.................
ကျိုင်းတုံ၊ မေလ (၁၈) ရက်
ယနေ့ မေလ(၁၈)ရက် နံနက်က မီးလောင်ကျွမ်းခဲ့သည့် နေအိမ်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဦးစီးမှူးဦးအောင်မြင့်နှင့် ဝန်ထမ်းများပူးပေါင်း၍ ထောက်ပံ့ပစ္စည်းများကို နံနက်(၅)နာရီခွဲက သွားရောက်ပေးအပ်ကြောင်း သိရသည်။
ယနေ့ မေလ (၁၈)ရက် နံနက် (၃)နာရီ (၂၅) မိနစ်က မီးလောင်ကျွမ်းခဲ့သည့် အမှတ် (၄) ရပ်ကွက်၊ မြို့သစ်ကျိုင်းလိတ်ရပ်မှ မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါဝင်သည့် ကျားလုံချည်၊ မလုံချည်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ တီရှပ်၊ ဒန်အိုး၊ ဇလုံ၊ ကာဘောလစ်ဆပ်ပြာနှင့် နှစ်ယောက်အိပ်ခြင်ထောင်တို့ကို နံနက် (၅) နာရီခွဲက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့လိုက်ခြင်း ဖြစ်သည်။
အဆိုပါ နေအိမ်တွင် ဖုန်းအားသွင်းထားရာမှ မီးကြိုးခွေအပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်အိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း နှင့် လူ(၃)ဦးမှာ မစိုးရိမ်ရသည့် မီးလောင်ဒဏ်ရာရရှိပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုမှု ခံယူနေရကြောင်း သိရှိရသည်။
သတင်း။ ဇင်အောင်