မႏၱေလး၊ ေမလ (၁၉) ရက္
သရက္သီးစုိက္ပ်ဳိးထုတ္လုပ္သူမ်ား အတြက္ ျပည္ပသုိ႔တင္ပုိ႔ရာတြင္ အေထာက္အကူျဖစ္ေစေရး ၂၀၁၆ ခုႏွစ္မွ စတင္ကာ ေအာ္ဂန္းနစ္သစ္သီးမ်ားျဖစ္ေၾကာင္း ေထာက္ခံခ်က္လက္မွတ္(Good Agricultural Practices- GAP) ထုတ္ေပး သြားမည္ျဖစ္ေၾကာင္း မႏၱေလးတုိင္း စုိက္ပ်ဳိးေရး၀န္ႀကီးဌာနမွ သိရသည္။
မႏၱေလးသရက္သီးေစ်းကြက္အေနျဖင့္ လက္ရွိတြင္ တရုတ္၊စကၤာပူ၊ကုိရီးယား အစရွိသည့္ႏုိင္ငံမ်ားသုိ႔ တင္ပုိ႔ လ်ွက္ရွိျပီး (GAP)လက္မွတ္ပါ ပါရွိမည္ဆုိက တင္ပုိ႔ရာတြင္ ပုိမုိ အေထာက္အကူျဖစ္ေစမည္ ျဖစ္ေစမည့္အျပင္ ျပည္ပေစ်းကြက္ပုိမုိရရွိလာမည္ျဖစ္ေၾကာင္း သိရသည္။
“သရက္သီးကုိ အခုႏွစ္ကစျပီး GAP ထုတ္ေပးမယ္။ ေလ်ွာက္ထားတာ(၁၇) ဦးရွိျပီ။ လက္ရွိေတာ့ ဓာတ္ၾကြင္းအာနိသင္စစ္ဖုိ႔ ပုိ႔မယ္ေျပာတဲ့ (၃)ဦးမွာ စဥ္႔ကုိင္နဲ႔ မတၱရာက အသီးေတြမုိးသီးေၾကာင့္ အကုန္ေၾကြကုန္လုိ႔ မပုိ႔ႏုိင္ေသးဘူးျဖစ္ေနတယ္” ဟုမႏၱေလးတုိင္းေဒသၾကီး စုိက္ပ်ဳိးေရး၀န္ႀကီးဌာန တုိင္းဦးစီးမွဴး ဦးျမင့္ဦးက ေျပာသည္။
GAP လက္မွတ္ေလ်ွာက္ထားသည့္ သရက္သီးေလ်ွာက္ထားသူမ်ား အေနျဖင့္ စုိက္ပ်ဳိးေရး၀န္ႀကီးဌာနမွ စုိက္ခင္းမ်ားအတြင္း ေျမ၊စုိက္ကြင္းအေနအထားႏွင့္ စုိက္ပ်ိဳးသည့္နည္းစနစ္မ်ားကုိစစ္ေဆးခံရမည္ျဖစ္ ျပီး ေအာ္ဂဲနစ္သစ္သီးျဖစ္ေၾကာင္း ေထာက္ခံခ်က္(GAP) ထုတ္ေပးမည္ျဖစ္ကာ အဆုိပါလက္မွတ္ကုိ ေနျပည္ေတာ္သုိ႔ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီႏွစ္ကေတာ့ မုိးသီးဖ်က္လုိ႔ ဘာအသီးမွ မက်န္ေတာ့ဘူး။ ေနာက္ႏွစ္မွပဲ ေလ်ွာက္ရေတာ့မွာေပါ့။ ဘာပဲ ေျပာေျပာ ႏုိင္ငံျခားေစ်းကြက္ပုိ႔တဲ့အခါမွာ အေထာက္အကူျဖစ္တယ္ဆုိရင္ ေကာင္းပါတယ္။ ကၽြန္ေတာ္ တုိ႔လုိ သရက္စုိက္တဲ့ သူေတြအတြက္လည္း ေထာက္ခံခ်က္တစ္ခုရတာေပါ့” ဟု စဥ့္ကုိင္ၿမဳိ႕နယ္မွ သရက္စုိက္ေတာင္သူတစ္ဦးက ေျပာသည္။
မႏၱေလးတုိင္းတြင္ ဧၿပီလအတြင္း ရြာသြန္းခဲ့သည့္ မုိးသီးမ်ားေၾကာင္း စဥ့္ကုိင္ၿမဳိ႕ႏွင့္မတၱရာျမဳိ႕နယ္ရွိ သရက္စုိက္ခင္းမ်ား ပ်က္စီးခဲ့ျပီး သရက္သီးအထြက္ႏႈန္းမ်ား က်ဆင္းခဲ့ေၾကာင္းသိရွိရသည္။
စဥ္႔ကုိင္ျမဳိ႕နယ္အတြင္း၌ သရက္စုိက္ဧက(၂၀၀၀)ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ သည့္ အတြက္ သရက္စုိက္ပ်ဳိးထုတ္လုပ္သူမ်ား အခက္အခဲျဖစ္လ်ွက္ရွိေၾကာင္း သိရသည္။
သတင္း။ ။ ေရႊေဇာ္(မႏၱေလး)
....................
မန္တလေး၊ မေလ (၁၉) ရက်
သရက်သီးစိုက်ပျိုးထုတ်လုပ်သူများ အတွက် ပြည်ပသို့တင်ပို့ရာတွင် အထောက်အကူဖြစ်စေရေး ၂၀၁၆ ခုနှစ်မှ စတင်ကာ အော်ဂန်းနစ်သစ်သီးများဖြစ်ကြောင်း ထောက်ခံချက်လက်မှတ် (Good Agricultural Practices- GAP) ထုတ်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ သိရသည်။
မန္တလေးသရက်သီးဈေးကွက်အနဖြေင့် လက်ရှိတွင် တရုတ်၊စင်္ကာပူ၊ကိုရီးယား အစရှိသည့်နိုင်ငံများသို့ တင်ပို့ လျှက်ရှိပြီး (GAP)လက်မှတ်ပါ ပါရှိမည်ဆိုက တင်ပို့ရာတွင် ပိုမို အထောက်အကူဖြစ်စေမည် ဖြစ်စေမည့်အပြင် ပြည်ပဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
“သရက်သီးကို အခုနှစ်ကစပြီး GAP ထုတ်ပေးမယ်။ လျှောက်ထားတာ(၁၇) ဦးရှိပြီ။ လက်ရှိတော့ ဓာတ်ကြွင်းအာနိသင်စစ်ဖို့ ပို့မယ်ပြောတဲ့ (၃)ဦးမှာ စဉ့်ကိုင်နဲ့ မတ္တရာက အသီးတွေမိုးသီးကြောင့် အကုန်ကြွေကုန်လို့ မပို့နိုင်သေးဘူးဖြစ်နေတယ်” ဟုမန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဦးက ပြောသည်။
GAP လက်မှတ်လျှောက်ထားသည့် သရက်သီးလျှောက်ထားသူများ အနဖြေင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ စိုက်ခင်းများအတွင်း မြေ၊စိုက်ကွင်းအနေအထားနှင့် စိုက်ပျိုးသည့်နည်းစနစ်များကိုစစ်ဆေးခံရမည်ဖြစ် ပြီး အော်ဂဲနစ်သစ်သီးဖြစ်ကြောင်း ထောက်ခံချက်(GAP) ထုတ်ပေးမည်ဖြစ်ကာ အဆိုပါလက်မှတ်ကို နပြေည်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ကတော့ မိုးသီးဖျက်လို့ ဘာအသီးမှ မကျန်တော့ဘူး။ နောက်နှစ်မှပဲ လျှောက်ရတော့မှာပေါ့။ ဘာပဲ ပြောပြော နိုင်ငံခြားဈေးကွက်ပို့တဲ့အခါမှာ အထောက်အကူဖြစ်တယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော် တို့လို သရက်စိုက်တဲ့ သူတွေအတွက်လည်း ထောက်ခံချက်တစ်ခုရတာပေါ့” ဟု စဉ့်ကိုင်မြို့နယ်မှ သရက်စိုက်တောင်သူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းတွင် ဧပြီလအတွင်း ရွာသွန်းခဲ့သည့် မိုးသီးများကြောင်း စဉ့်ကိုင်မြို့နှင့်မတ္တရာမြို့နယ်ရှိ သရက်စိုက်ခင်းများ ပျက်စီးခဲ့ပြီး သရက်သီးအထွက်နှုန်းများ ကျဆင်းခဲ့ကြောင်းသိရှိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း၌ သရက်စိုက်ဧက(၂၀၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ သည့် အတွက် သရက်စိုက်ပျိုးထုတ်လုပ်သူများ အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ရွှေဇော်(မန္တလေး)