တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားရုံတစ်ခုကို ကျားမင်းစီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီး

တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားရုံတစ်ခုကို ကျားမင်းစီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီး
မေ 9, 2020
By Tachileik News Agency

တာချီလိတ်ရဲတပ်ဖွဲ့က လောင်းကစားရုံတစ်ခုကို ကျားမင်းစီမံချက်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီး

ကျားမင်းစီမံချက် အကောင်အထည်ဖေါ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ငါးမန်းဂိမ်းလောင်းကစားရုံတစ်ခုကို ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လယ်ပိုင်း၌ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားနေသူ (၁၆) ဦးနှင့် ဆိုင်ရှင်အမျိုးသမီး (၁)ဦးတို့ကို ဖမ်းမိသည်။

“အခုက သုံးနေဆဲ ဂိမ်းခုံအသေးက (၁၄) ခုံ၊ အကြီးက (၁) ခုံဖမ်းမိတယ်။ မသုံးတဲ့ဂိမ်းခုံက အကြီး (၅) ခုံ၊ အသေး (၉) ခုံမိတယ်။ လောင်းကစားလုပ်နေတဲ့ အမျိုးသား (၁၆) ယောက်ဖမ်းမိတယ်။ ဆိုင်ရှင်အမျိုးသမီး (၁) ဦးမိတယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၄) လမ်းရှိ နေအိမ်အဆောက်အဦ အောက်ထပ်တွင် ဖွင့်လှစ်ထားသည့် ငါးမန်းဂိမ်းလောင်းကစားရုံမှ ဆူညံသံများ အမြဲလိုလို ကြားရလေ့ရှိသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။

အဆိုပါ လောင်းကစားရုံကို တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့၊ တာချီလိတ်မြို့မရဲတပ်ဖွဲ့တို့က သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးရာ၌ လောင်းကစားပြုလုပ်နေသူများ၊ လောင်းကစားငွေအချို့နှင့် ငါးမန်းဂိမ်းခုံများကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး စိစစ်မှုများပြုလုပ်နေဆဲဖြစ်၍ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် လောင်းကစားလုပ်ငန်းများနှင့် မှုခင်းများ ကျဆင်းရေးအတွက် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ (၃)လကြာမြင့်သည့် ကျားမင်းစီမံချက်ကို သက်တမ်း (၁)လထပ်တိုး၍ ရဲတပ်ဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~