ဆိုင္ကယ္အား ေပါင္ႏွံသံုးစြဲၿပီး လူအား တုတ္ျဖင့္ရိုက္သတ္မႈ တာခ်ီလိတ္၌ ျဖစ္ပြား

ဆိုင္ကယ္အား ေပါင္ႏွံသံုးစြဲၿပီး လူအား တုတ္ျဖင့္ရိုက္သတ္မႈ တာခ်ီလိတ္၌ ျဖစ္ပြား
အောက်တိုဘာ 10, 2015
By Tachileik News Agency

လြန္ခဲ့ေသာ (၅)ရက္ခန္႔က တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ စက္မႈဇုန္အနီး မယ္ဟုတ္ေခ်ာင္းနံေဘးတြင္ တုတ္ႏွင့္ရိုက္ႏွက္ၿပီး လြယ္အိတ္ႀကိဳးျဖင့္ခ်ည္ေႏွာင္ရစ္သတ္သည့္ လူသတ္မႈ တစ္ခု ျဖစ္ပြားခဲ့ၿပီး လူသတ္တရားခံအား ေအာက္တိုဘာလ(၉)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း တာေလနယ္ေျမရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ တာေလၿမိဳ႕ သီရိ(၁)ရြာ၊ ရပ္ကြက္(၁)ေန ေဒၚလြန္းနန္းသည္ ၎၏ ေျမးျဖစ္သူ အသက္(၁၆)ႏွစ္ရွိ ေမာင္အယ္လ္မ်ဳိးဆိုင္းလီအား ဘုရားေက်ာင္းတက္ရန္အတြက္ တာေလေဆးရံု၀န္ထမ္း အဖိုးျဖစ္သူ ဦးအားဖူထံသို႔ ဟြန္တာ ေ၀့ အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္အား သြားေရာက္ယူခုိင္းရာ တာေလၿမိဳ႕၊ ရပ္ကြက္(၃)ေန အသက္(၁၈)ႏွစ္ရွိ ေစာထူးထူးထီးမိုးႏွင့္အတူ ေပ်ာက္ဆံုးေနရာမွ ေစာထူးထူးထီးမိုး တစ္ေယာက္တည္း ေနအိမ္သို႔ ျပန္လည္ေရာက္ရွိေနသည္ကို မသကၤာ၍ တာေလၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ တိုင္တန္းရာမွ ရဲတပ္ဖြဲ႔မွ ေစာထူးထူးထီးမိုးအား ရဲစခန္းသို႔ ေခၚယူစစ္ေဆးရာမွ ျဖစ္စဥ္ကို သိရွိရတာျဖစ္ေၾကာင္း သိရသည္။

ေစာထူးထူးထီးမိုး စစ္ေဆးရာတြင္ ၎သည္ ေမာင္အယ္လ္မ်ဳိးဆိုင္းလီအား ဆိုင္ကယ္ႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕သို႔ ေခၚေဆာင္သြားၿပီး ဆိုင္ကယ္အား ေပါင္ႏွံသံုးစြဲကာ  ေဆခမ္းရပ္ကြက္၊ မယ္ဟုတ္ေခ်ာင္းနံေဘး ေတာစပ္တြင္ တုတ္ႏွင့္ရိုက္ႏွက္ၿပီး အယ္လ္မ်ဳိးဆိုင္းလီ လြယ္ထားေသာ လြယ္အိတ္၏ ႀကိဳးျဖင့္ ခ်ည္ေႏွာင္ရစ္သတ္ကာ အေလာင္းအား ခ်ဳံအတြင္း ေမွာက္လွ်က္အေနအထားျဖင့္ ဖံုးကြယ္ထားခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာေနရာသို႔ ရဲတပ္ဖြဲ႔မွ သြားေရာက္စစ္ေဆးၿပီး သတ္ျဖတ္ၿပီး စြန္႔ပစ္ထားခဲ့သည့္ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သြားေရာက္သယ္ေဆာင္ကာ ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယင္းအမႈႏွင့္ ပတ္သက္၍ အယ္လ္မ်ဳိးဆိုင္းလီအား တုတ္ႏွင့္ရိုက္ႏွက္ကာ လြယ္အိတ္ႀကိဳးျဖင့္ လည္ပင္အား ပတ္၍ ရစ္ပတ္ခ်ည္ေႏွာင္ၿပီး သတ္ခဲ့သူဟု ယူဆသူ အသက္ (၁၈)ႏွစ္ရွိ ေစာထူးထူးထီးမိုးအား ဥပေဒအရ တာေလနယ္ေျမရဲစခန္းမွ (ပ)၁၇/၂၀၁၅၊ ျပစ္မႈပုဒ္မ - ၃၀၂ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
***********************

ေဇာ္ဂ်ီေဖာင့္ျဖင့္ဖတ္မရသူမ်ားအတြက္ ယူနီကုတ္ျဖင့္ ေအာက္တြင္ေဖာ္ျပထားပါသည္။
( Unicode )

လွန်ခဲ့သော (၅)ရက်ခန့်က တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်အနီး မယ်ဟုတ်ချောင်းနံဘေးတွင် တုတ်နှင့်ရိုက်နှက်ပြီး လွယ်အိတ်ကြိုးဖြင့်ချည်နှောင်ရစ်သတ်သည့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူသတ်တရားခံအား အောက်တိုဘာလ(၉)ရက်နေ့က ဖမ်းဆီးရမိကြောင်း တာလေနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာလမြေို့ သီရိ(၁)ရွာ၊ ရပ်ကွက်(၁)နေ ဒေါ်လွန်းနန်းသည်၎င်း၏ မြေးဖြစ်သူ အသက်(၁၆)နှစ်ရှိ မောင်အယ်လ်မျိုးဆိုင်းလီအား ဘုရားကျောင်းတက်ရန်အတွက် တာလေဆေးရုံဝန်ထမ်း အဖိုးဖြစ်သူ ဦးအားဖူထံသို့ ဟွန်တာေဝ့ အမျိုးအစား မော်တော်ဆိုင်ကယ်အား သွားရောက်ယူခိုင်းရာ တာလမြေို့၊ ရပ်ကွက်(၃)နေ အသက်(၁၈)နှစ်ရှိ စောထူးထူးထီးမိုးနှင့်အတူ ပျောက်ဆုံးနေရာမှ စောထူးထူးထီးမိုး တစ်ယောက်တည်း နေအိမ်သို့ ပြန်လည်ရောက်ရှိနေသည်ကို မသင်္ကာ၍ တာလမြေို့မရဲစခန်းသို့ သွားရောက် တိုင်တန်းရာမှ ရဲတပ်ဖွဲ့မှ စောထူးထူးထီးမိုးအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာမှ ဖြစ်စဉ်ကို သိရှိရတာဖြစ်ကြောင်း သိရသည်။

စောထူးထူးထီးမိုး စစ်ဆေးရာတွင်၎င်းသည် မောင်အယ်လ်မျိုးဆိုင်းလီအား ဆိုင်ကယ်နှင့်အတူ တာချီလိတ်မြို့သို့ ခေါ်ဆောင်သွားပြီး ဆိုင်ကယ်အား ပေါင်နှံသုံးစွဲကာ ဆေခမ်းရပ်ကွက်၊ မယ်ဟုတ်ချောင်းနံဘေး တောစပ်တွင် တုတ်နှင့်ရိုက်နှက်ပြီး အယ်လ်မျိုးဆိုင်းလီ လွယ်ထားသော လွယ်အိတ်၏ ကြိုးဖြင့် ချည်နှောင်ရစ်သတ်ကာ အလောင်းအား ချုံအတွင်း မှောက်လျှက်အနေအထားဖြင့် ဖုံးကွယ်ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးပြီး သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့သည့် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်သယ်ဆောင်ကာ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ အယ်လ်မျိုးဆိုင်းလီအား တုတ်နှင့်ရိုက်နှက်ကာ လွယ်အိတ်ကြိုးဖြင့် လည်ပင်အား ပတ်၍ ရစ်ပတ်ချည်နှောင်ပြီး သတ်ခဲ့သူဟု ယူဆသူ အသက် (၁၈)နှစ်ရှိ စောထူးထူးထီးမိုးအား ဥပဒေအရ တာလေနယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ - ၃၀၂ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~